💛HBD J&S🕊️

270 36 751
                                        

Unicode

💛Happy Birthday J&S🕊️

နူးညံ့ညင်သာတဲ့အထိအတွေ့က ကျွန်တော့်ဆံစတွေကြား ခိုတွယ်နေလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်သိပ်တန်ဖိုးထားရတဲ့ မျက်လုံးတွေကပြုံးပြနေသည်။

🖤 Morning ပါ ကိုကို့ကောင်းကင်ဘုံလေးရေ

နှုတ်ဆက်စကားသံကြားလိုက်တာနဲ့ လှဲနေရာကနေ သူ့လည်ပင်းကို ခိုတွယ်ဖက်လိုက်မိတော့ ကျောပြင်‌အောက် အလိုက်သင့်ရောက်လာတဲ့ လက်တွေက ချစ်စရာကောင်းလွန်းသည်။

သူပေးတဲ့မနက်ခင်းအနမ်းတို့ကို အပြည့်အဝခံယူပြီးနောက်မှာ မျက်ဝန်းရှေ့ပေါ်လာတဲ့ အရာကြောင့် မျက်ရည်ကထပ်ကျရပြန်ပြီ။ မေတ္တာတွေပြည့်နေတဲ့ Email တစ်စောင်ကြောင့်ပေါ့။ သူ့လက်ထဲက ipadကြီးဆွဲလုပြီး ဖတ်နေရင်း မျက်ရည်ကကျတာ ရပ်တန့်မရပြန်တော့ သူကအနမ်းတွေနဲ့ ချော့သည်။

🖤မငိုနဲ့တော့ ကိုကိုတို့ကလေးတွေက အချစ်ခံရတယ်ဆိုတာကို တွေးပြီး ဂုဏ်ယူလိုက်ပါ babyရာ

❤️ပျော်လို့လေ သူတို့အစား ပျော်လို့ ခက်ခက်ခဲခဲပြင်ဆင်ပေးထားရမှာဆိုတော့ သူတို့တွေ့ရင်ပျော်နေမှာ

ဘေးမှာ စောင်ထုပ်ထဲနစ်နေတဲ့ သားနဲ့သမီးကိုကြည့်ပြီး အသည်းယားလို့ အားရပါရနမ်းပစ်တော့ သူတို့နိုးလာကြပြီ။

💛အွန်းးးးးးးး ရေခဲမုန့်စားမယ်

🕊️ ရေခဲမုန့်ရှိတေးရား

🖤အငတ်တွေ ထကြတော့ ရေချိုးပြီးရင် ဒီဒီတို့ ဒီကနေ နောက်တစ်နေရာပြောင်းရမှာ

💛ရေချိုးချင်ပါဘူး အေးတယ်

🕊️ မီးတို့ ဘယ်တွားဦးမှာရဲ

❤️အရမ်းလှတဲ့ နေရာပေါ့ကွာ အခုထပါ ရေချိုးမှ လူကလန်းသွားမှာ

🖤ထပြီး Morning kiss ပေးကြဦး

ပေးကြဦးဆိုတော့လည်း ဒယိမ်းဒယိုင်ထလာပြီး ကိုကို့ပါးကို နမ်းတာမဟုတ်ဘဲ မောင်နှမနှစ်ယောက်လုံး လျှာဖျားလေးတွေနဲ့ တို့လို့ ကိုကိုတစ်ယောက်အော်ပြဲနေပါရောလား။

🖤ဟေ့ကောင်တွေ နမ်းခိုင်းတာဟ ဘာလို့လျှာနဲ့ တို့နေတာတုံးလို့  ငါရေချိုးပြီးပြီလေ

HodophilesWhere stories live. Discover now