🖤Apricity-9❤️

267 22 385
                                        

Unicode

🖤 Apricity-9❤️

Glass Restaurantမှာ နေ့လည်စာစားပြီး အိမ်ပြန်ရောက်တော့ သားအဖလေးယောက်သား စားတာများပြီး ပိုးလိုးပက်လက်လန်ကုန်ကြပြီ။ မနက်က နည်းနည်းစောစောထထားရတာကြောင့်ရော Snowman လုပ်တုံးက သောင်းကျန်းထားတာကြောင့်ရော စားကောင်းကောင်းနဲ့ စားလာကြတဲ့ ဝက်နှစ်ကောင်ခမျာ ဆိုဖာပေါ် ခြေထောက်ချင်းဆုံပြီး ပက်လက်တွေလန်လို့ ကလေးတန်မဲ့ လေတွေဘာတွေတောင် တက်နေကြသေး။

💛အေ့ ဟာ....ဟားဟားဟား ရူရီးတေရို ဖစ်ကုန်ဘီ

🕊️ဘူ!!!!ဟားဟားဟားဟား မီးငယ်က ဖင်ကထွက်တာ ဟားဟားဟား

တစ်ယောက်က အပေါ်လေ တစ်ယောက်က အောက်လေနဲ့ နှစ်ယောက်ပေါင်း မုန်တိုင်းထန်နေကြတော့ ဆိုဖာအောက်မှာ ခြေပစ်လက်ပစ်လှဲနေရတဲ့ ကျတော်နဲ့ ကိုကို့မှာငုတ်တုတ်ထထိုင်ရပြီ။

🖤မင်းတို့ကွာ ငါ အလုံးကြီး လွှတ်လိုက်ရမလား ပြော

❤️တော်ပါတော့ဗျာ ကိုကိုလုပ်ကာမှ ပိုဆိုးတော့မယ်

🖤စတာပါဗျာ သားအဖသုံးယောက်လုံး နေ့ခင်း အိပ်ရေးဝဝအိပ်ရမယ်နော်

❤️ကိုကိုသာ အိပ်ရမှာ babyက အိပ်ရေးလည်းဝတယ် ဆေးလည်းသွင်းထားရလို့ ကောင်းနေပြီ

🖤ခြေထောက်တွေနာနေသေးတယ်မဟုတ်လား အသည်းလေးရဲ့

❤️ကိုကို အနားမှာရှိရင် နာတော့ဘူး

🖤ကိုယ့် ပူတင်းလုံးလေး ချစ်လိုက်တာ လာပါဦး

လူကိုရင်ခွင်ထဲဆွဲသွင်းပြီး ပါးကို လက်တစ်ဖက်နဲ့ညှစ်လို့ လေထိုးရုပ်လို ပိကျိပိကျိလာလုပ်နေတော့ သားတော်မောင်နဲ့ သမီးတော်က ပြောကြပါပြီ။

💛 ဒီဒီက ဖြစ်ကိုတဲတာ

🖤အံမာ ငါ့ကောင်လေးငါ အဖြစ်သည်းတာ ဘာဖြစ်တုံး

🕊️ရွတ်ထားရိုက်ပါ တိုတိုရာ တီးခံရိုက်

❤️ဟားဟားဟားဟား

🖤ဟောဗျာ ကိုယ့်ယောကျာ်းပါး ကိုယ်ညှစ်တာကို သူတို့က သည်းခံနေရတယ်ပေါ့ အံ့ဩလိုက်တာ ငါ့ကောင်တို့ရာ

HodophilesWhere stories live. Discover now