Unicode
✨Ice Desert -5✨
Day-2 🐧(Part-1)
ပင်လယ်ပြင်ထက် ငြိမ့်ညောင်းစွာ ခုတ်မောင်းနေသော Symphony ပေါ်တွင်တော့ မတူကွဲပြားခြင်းတွေဟာ သမမျှတစွာရောမွှေထားသော စွဲမက်စဖွယ် ကော်ဖီတစ်ခွက်လိုပါပဲ။
Shipစထွက်တည်းက အားလုံး seasickness ကို ခံနိုင်ရည်ရှိအောင် ကြိုတင်ကာကွယ်ထားကြပေမဲ့ မတော်လှန်နိုင်သူဟာ ကျွန်တော်သာလျှင် ဖြစ်ရမယ်လို့ ဘယ်သူကများ ထင်ရက်ပါ့မလဲလေ။ ကျွန်တော်တောင်ကိုယ့်ဟာကိုယ်မထင်ထားခဲ့ပါဘူးလေ။
ဆေးကြိုသောက်ပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ ထိုင်ရင်း ကောင်းကင်ပြာကြီးကို ငေးကြည့်နေတာတောင်မှ ပြေးပြေးအန်ရတာ သုံးခါ ဗိုက်ထဲက စားထားသမျှလည်း ကုန်ပါပြီ။
☁️တမိုးအောက်တယောက် Liamကြီးရေ
ဘေးမှာလာထိုင်ပြီး စိမ်ပြေနပြေ စ နေတဲ့ ဒီဟာမလေးကို ဘယ်လိုလုပ်ရပါ့။ ကလေးမဟုတ် သူငယ်မဟုတ်ဆိုပေမဲ့ အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ လူသားပဲမို့ ကျွန်တော်လည်း ရံဖန်ရံခါ အခုလိုအခါမျိုးဆို ဝမ်းနည်းသလိုလို ဘာလိုလိုတွေ ခံစားမိတတ်တယ်ဗျာ။ သို့ပေမဲ့ အထီးကျန်တကောင်ကြွက် ဘဝမှာ ခံစားချက်တွေ ခေါက်သိမ်းထားတာကြာပြီမို့ ဘာမှမဖြစ်သလိုဆိုတဲ့ ထောင့်ချိုးလေးမှာ ကျွန်တော်ဟာ အံဝင်ခွင်ကျဖြစ်နေခဲ့ပြီးပြီလေ။
💚နင်နဲ့ ရန်ဖြစ်မနေနိုင်ဘူး ကောင်မလေး ဝေးဝေးနေဟာ
☁️ခေါင်းမူးပျောက်အောင်လည်း စေတနာနဲ့ စကားပြောပေးနေရသေးတယ်
💚ကျေးဇူးရှင်ရယ် မစနဲ့ဟာ
☁️ခဏလောက်အိပ်လိုက် အိပ်ရာနိုးရင် သက်သာသွားမှာ
💛🕊️ဝူးးးးးးဝေါ
💚အကုန်လုံးက ဝိမလိုဘဲ ကောင်းနေကြတာကို ဒီ ဝက်လုံးပျံတွေက ဘယ်လိုများ ဖလန်းဖလန်းထနေကြတာတုန်းဟ
☁️ဇရာလေ ဇရာ အသက်က စကားပြောလာပြီ
💚မယ်မင်းကြီးမ နင့်ဟာနင် တယောက်တည်း တရားဟောရင်း နေခဲ့တော့ ငါ cabinထဲ ပြန်အိပ်တော့မယ်
မူးတူးယိုင်တိုင်နဲ့ ထလာပြီး cabinရှိရာပြန်လာကာ ကုတင်ပေါ်ထိုးလှဲချအိပ်ပစ်လိုက်တော့ ရီဝေဝေနဲ့။ ပင်လယ်ပျော်အငွေ့အသက်တွေ အပြည့်အဝရအောင် Cruise shipပိုင်ရှင် Ray အဖေက လူတိုင်းအတွက် ခုလို cabinလေးတွေ သေချာစီစဉ်ပေးထားတာမို့ ကိုယ့်ဟာကိုယ် စိတ်ထဲတော့ ဂျက်စပဲရိုးလိုလို ဘာလိုလိုခံစားမိသေး။ မထနိုင်တာတောင် ပေါက်ကရတွေးနေမိတဲ့ ကိုယ့်ဟာကိုယ် ရယ်ချင်ပေမဲ့ ပြုံးရုံသာလျှင် တတ်နိုင်ပါတယ်။ကျွန်တော် အိပ်ချင်နေပြီလေ။
