🖤 Apricity-3❤️

283 24 214
                                        

Unicode

🖤 Apricity-3❤️

❄️ Helsinki & Suomenlinna Tour-1❄️

A/N ယနေ့ခရီးစဉ်အတွက် ခရီးလမ်းကြောင်းကို Viator ဆိုတဲ့ siteကနေ မှီငြမ်းပြီး လိုတိုးပိုလျှော့ဖန်တီးထားတာပါလို့ ကြိုတင်အသိပေးအပ်ပါတယ်။

လေပွေတသိုက်ဟာ ကျွန်တော်တို့ ခိုနားရာ အခန်းပြင်ပမှာ နှင်းမှုန်တို့နဲ့ မြူးထူးပျော်ပါးနေကြချိန်မှာ ကျွန်တော်အိပ်ရာကနေနိုးလာခဲ့သည်။

မနက်အရုဏ်တက်ကာစကောင်းကင်ဟာ လမ်းမီးတိုင်တို့အကူနဲ့ လှပလင်းချင်းနေတာကို ကျွန်တော် ခုတင်ပေါ်ကနေ လှမ်းကြည့်နေမိသည်။

နှင်းစက်နှင်းမှုန်တို့ ကခုန်နေတာကို ကြည့်ရုံနဲ့ မည်မျှအေးမယ်မှန်း ခန့်မှန်းရနိုင်ပေမဲ့ ဒီအခန်းထဲမှာတော့ ရစ်ပတ်ထားတဲ့ အသက်ရှူသံတို့ကြောင့် လုံခြုံနွေးထွေးနေရပါတယ်။

တန်းစီပြီး အိပ်နေကြတဲ့ သားအဖသုံးယောက်ဟာသူတို့ဝတ်ထားတဲ့ အနွေးထည်တို့နဲ့ စောင်ပုံကြားမှာ မြုပ်လို့ မျက်နှာလေးတွေသာ ဖော်ထားကြတာပါ။လုံးတုတ်ကြီးတွေရဲ့ ဖောင်းကစ်နေတဲ့ မျက်နှာဝိုင်းကြီးတွေရယ် နှုတ်ခမ်းနီနီရဲရဲ နုနုအိအိကလေးတွေရယ်ကိုကြည့်ရင်း ကြင်နာစိတ်ဟာ ယိုဖိတ်ကျလို့။ သုံးယောက်လုံးရဲ့ ရှုပ်ပွနေတဲ့ ဆံနွယ်မျှင်တို့ကို ခပ်ဖွဖွပွတ်သပ်ပေးရင်း နဖူးပြင်တို့ကို နမ်းမိတော့ အင့် အဲ အသံလေးတောင်ထွက်မလာကြဘဲ အိပ်မောကျနေကြဆဲပါ။

မနက် ၉နာရီမှ guide က လာခေါ်မှာမို့သူတို့ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးဖို့စိတ်ကူးမရှိပါဘူး။ဒီနေ့ခရီးစဉ်က ပုံမှန်packageထဲပါတဲ့ လေးနာရီစာ walk tourကို ကိုယ့်စိတ်တိုင်းကျပုံစံပြောင်းထားတဲ့ private walk tourလေးပေါ့ဗျာ။ဆိပ်ကမ်းနားက Market squareရယ် နာမည်ကြီး Rock Church ကြီးရယ် Tram စီးရတာရယ်သာ ပါဝင်တဲ့ မူလ tourကို ငါးနာရီစာ အထင်ကရနေရာတွေကို လျှောက်သွားမဲ့ ခရီးအဖြစ် Nickနဲ့ သေချာတိုင်ပင်ပြီးမှ စီစဉ်ဖြစ်ခဲ့တာပါ။

Helsinki လို မြို့ထိရောက်လာပြီးမှ ပင်လယ်ပြင်ကိုဖြတ်သန်း Ferry (ကူးတို့သင်္ဘော)စီးပြီး UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် Suomenlinna Sea Fortress (ပင်လယ်ဆိပ်ကမ်းခံတပ်)ကို မသွားရရင် ကျွန်တော်ညံ့ရာကျပါလိမ့်မယ်။ ကျွန်တော်နဲ့ Nickမှာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုလည်းရှိပါတယ်။အဲ့ဒါက ဘာလဲဆိုတော့ အပျော်ခရီးမှာ သာမန်ရနိုင်တဲ့ အမှတ်တရထက် လေးနက်တဲ့ခံစားချက်ကိုသာ ချစ်ရတဲ့သက်ဆိုင်သူတို့ကိုပေးချင်တာပါ။

Hodophilesحيث تعيش القصص. اكتشف الآن