Unicode
🖤Apricity❤️
တနေကုန် အလုပ်ထဲနစ်ပြီး အချိန်တောင်မကြည့်မိဘဲ အခု အလုပ်လက်စသတ်မှကြည့်လိုက်တော့ ညနေ ၄နာရီတောင်ရှိပြီ။ ရာသီဥတုကအေးနေပေမဲ့ အလုပ်ဇောနဲ့မို့ လူကချွေးစို့နေတာကြောင့် အင်္ကျီကြယ်သီး တစ်လုံးလောက်ဖြုတ်ပြီး လေဝင်အောင် ကော်လံကနေ ဆွဲခါလိုက်သည်။
"ဟ ငါ့ Boss ကတော့ လုပ်ပြီ အဲကွန်းခန်းထဲ ဘယ်လိုလုပ်ချွေးပြန်နေတာတုံး"
🖤ပူတယ်ကွ အလုပ်ဇောနဲ့ ပူတယ်
"ဒီဇင်ဘာခရီးသွားမို့မှတ်လား ကျွန်တော်နဲ့ Mikeကိုသာ လွှဲခဲ့ပါဗျာ ဘာမှပူမနေနဲ့"
🖤ငါလုပ်ရမဲ့ဟာတွေတော့ လုပ်ထားခဲ့ရမယ်လေ ခရစ်စမတ်မှာ မင်းတို့လည်း မိသားစုကို အချိန်ပေးရမှာပေါ့ကွ
"ဟုတ်တယ် ခရစ်စမတ်ကျရင် ချင်းမိုင်ကိုလိုက်သွားမို့ Sweet က လှမ်းခေါ်နေတယ်"
🖤ဪ အေး ပြောဖို့မေ့နေတာ Sweet ကို ပရောဂျက်အတွက် လိုအပ်တာမှန်သမျှ အကုန်ပြောပါလို့ ပြောပေးဦး ပိတ်ရက်မတိုင်ခင် အခုလက်ရှိအခြေအနေအပြည့်အစုံကို အစီရင်ခံစာတင်ပေးလို့ပါ ပြောလိုက်
"ဟုတ်ကဲ့ Boss "
🖤ရော့ ဒီတနေ့စာတော့ အပြတ်ပဲ မနက်ဖြန်မှ ကျန်တာတွေဆက်လုပ်မယ် Paradise အတွက်လိုအပ်တာတွေ ဘာတွေရှိသေးလဲလို့ Campsite က မန်နေဂျာဆီ Mail ပို့ပြီးမေးလိုက်ဦး Danတို့ရော ဘာလိုသလဲဆိုတာပါ ထည့်မေးလိုက်
"ဟုတ်ပါပြီဗျာ အဲ့ဒါမနက်ကလည်း မှာပြီးပြီ အခု ထလိုက်တော့ အိမ်ပြန်တော့ သွား "
ရုပ်တည်ကြီးနဲ့ နှင်လွှတ်နေတဲ့ကောင်ကို ကျောပြင်ကို တစ်ချက်ပိတ်ရိုက်လိုက်တော့ ရှုံ့တွလို့ ပွစိပွစိပြောတော့သည်။ သူဌေးနဲ့ အတွင်းရေးမှူးဆိုတာက အပေါ်ယံ တကယ်က အဖေနဲ့သားလိုမျိုး ဖြစ်နေတာပါ။သူက ကိုယ့်ဆူလိုက် ကိုယ်ကသူ့ဆူလိုက်နဲ့ လိုအပ်တာတွေ ထောက်ပြဖေးမပြောဆိုရင်း လုပ်ငန်းတွေအများကြီးကို အတူတူထိန်းကျောင်းလာခဲ့သူတွေမို့ ညီအကိုလိုလည်း ဖြစ်နေပါပြီ။ Chim ရဲ့ မိဘတွေရော သူ့ညီမလေး Sweet ဆိုတာကရော တစ်မိသားစုလုံးဟာ လိုချင်လောဘနည်းပြီး ရောင့်ရဲပျော်ရွှင်တတ်တဲ့ လူစားမျိုးတွေပါ။ Chimရဲ့ ဖေဖေကလည်း ဖေဖေရှိစဉ်က ဖေဖေစိတ်ချရတဲ့ အတွင်းရေးမှူးဖြစ်သလို အခု သူ့သား Chimကတော့ ကျွန်တော့်ရဲ့လက်စွဲပေါ့။
