Unicode
🖤 Apricity-1❤️
☃️Warmth☃️
မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်တော့ မနက်ဝေလီဝေလင်းပဲရှိသေးသည်။လက်နှစ်ဖက်ကို အပေါ်မြှောက်ဆန့်ထုတ်ပစ်လိုက်ရင်း ဘေးကို ခေါင်းငဲ့ကြည့်လိုက်တော့ ပုစွန်ထုပ်ကလေးသုံးကောင်က ကွေးလို့။ဒီမြင်ကွင်းလေးနဲ့တင် ကျွန်တော့်ရင်မှာ နွေးထွေးရခြင်းက ပြောမပြတတ်။
ငြိမ့်ငြိမ့်လေးအေးတဲ့ ဆောင်းမနက်ခင်းမှာ လုပ်စရာအလုပ်လေးတွေကို လေညှင်းလေးခံပြီး လုပ်ရရင် စိတ်ရောဦးနှောက်ပါ ကြည်လင်နေမှာပဲလို့လည်း တစ်ဆက်တည်း တွေးမိတော့ နှလုံးသားက ချစ်ရသူတို့ဖို့ စတင်လှုပ်ရှားမိသည်။ ပုစွန်ထုပ်ကလေးတွေကို စောင်သေချာခြုံပေးပြီး ဝရန်တာထွက်တဲ့ တံခါးကို လှစ်ဟလိုက်တာနဲ့ တိုးဝင်လာတဲ့လေတို့က ကန့်လန့်ကာဖြူတို့ကို ယိမ်းကနေစေပြီ။
အသက်ဝဝတစ်ချက်ရှူရင်း သန့်စင်ခန်းပြေးဝင် မျက်နှာသစ် သွားတိုက် အပေါ့အပါးသွားခြင်းကိစ္စတို့ကို ဖုတ်ပူမီးတိုက်လုပ်ရင်း လူပျိုဘဝတောင် ပြန်သတိရမိသည်။ babyနဲ့ အိမ်ထောင်မကျခင်ထိ အပြင်မှာ ဘယ်လို တည်တည်ငြိမ်ငြိမ်ပဲနေတယ်ဆိုဆို အလုပ်မသွားခင် မနက်ခင်းတိုင်းမှာတော့ ကျွန်တော့်ဗီဇက အစဉ်အလာမပျက် ပြာယာခတ်စေမြဲပါပဲ။အခုလည်း အဲ့တုံးကလိုပဲ တစ်ယောက်တည်း ချော်လဲမတတ် လုပ်နေမိတာမို့ မှန်ကြည့်ပြီး ကြိတ်ရယ်မိပြီ။ သန့်စင်ခန်းကထွက်တာနဲ့ ဝတ်ထားတဲ့ အင်္ကျီနဲ့ မျက်နှာကောက်သုတ်ရင်း အောက်ထပ်ဆင်းလိုက်ပြီး ကော်ဖီကို ကမန်းကတန်းဖျော်တော့ P'Chen က ပြူးကြည့်လို့။
"ဘာဖြစ်လာတာတုံး စောစောစီးစီး နောက်က ဘာလိုက်လာလို့လဲ အကိုလေးရ"
🖤ဒါ ကျွန်တော့်အကျင့်ပဲလေ ချန်ချန်ရာ ဟိုးးးးတုံးက ပြာကလပ်စိန် ကျွန်တော်ပေါ့ အလုပ်ရှိသေးတယ် သွားပြီနော်
ကော်ဖီခွက်ကိုင်ပြီး ဖိတ်မကျအောင်ထိန်းလို့ ပြေးတက်ပေမဲ့ ဘောင်ဘင်ခတ်နေတဲ့ ကော်ဖီခွက်ကိုကြည့်ရင်း ကျွန်တော်ပျော်နေမိတာ ထူးထူးဆန်းဆန်းနဲ့ရယ်။ ဒီမနက်ခင်းမှာ လူက အလိုလိုတက်ကြွပျော်နေမိတာ ဒီဇင်ဘာရဲ့ အငွေ့အသက်ကြောင့်လား သွားရမဲ့ခရီးအတွက်ကြောင့်လား ဝေခွဲမရ။
![](https://img.wattpad.com/cover/269279750-288-k629900.jpg)