Unicode
✨Ice Desert-8✨
Day-3 (Part-2)
ကမ်းစပ်ကနေ သဲပြင်မွမွပေါ်ခြေချမိတာနဲ့ လောကအသစ်ပါလားဆိုတဲ့ ခံစားချက်လေးက ရင်တွင်းတွင် ငြိမ်သက်စွာကိန်းဝပ်လာသည်။ ကိုကိုက လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေမဲ့ လူဟာ အရာရာကနေ လွတ်မြောက်နေသလို ဘာကိုမှ ထိတွေ့ဖက်တွယ်ထားခြင်းမရှိသူလို လွတ်လပ်နေတာက ထူးဆန်းလွန်းလှသည်။
💛သားသား သံတွေကြားနေရတယ်
🍎ကိုကိုရောပဲ
🕊️ကွိကွိ ကျွိကျွိနဲ့ ကြွက်ကလေးတွေအော်နေသလိုပဲ
🖤 မကြားပါဘူး သားနဲ့သမီးရယ် လေတိုးသံပဲ ကြားပါတယ် ပြီးတော့ ပင်ဂွင်းနဲ့ ငှက်အော်သံက ကြွက်အော်သံနဲ့ မတူပါဘူး
ကိုကိုက ကလေးတွေကို ပြောနေသံကြားတော့ လမ်းပြက ပဟေဠိဆန်ဆန်ပြုံးလာသည်မို့ ကျွန်တော့်စိတ်ထဲ ဒီမြေဟာ ထူးဆန်းသည်ထက်ပိုသောခံစားချက်မျိုး ခံစားလာရပါပြီ။ ဪ ပြောဖို့မေ့နေတာ Ray အစွမ်းအံ့မခန်းလို့ပြောရမလားပဲ ဒီ သင်္ဘောပေါ်က အမှုထမ်းအားလုံးလိုလိုဟာ ထိုင်းနဲ့ ဥရောပသား စပ်ထားသူ ကပြားတွေချည်းပါပဲ။ အဲ့ဒီတော့ ဘာသာစကားဆက်သွယ်ပြောဆိုမှုတွေမှာ ပိုပြီးသက်တောင့်သက်သာနဲ့လွယ်လင့်တကူရှိရတာပေါ့ဗျာ။ လမ်းပြကလည်း ကလေးတွေပြောတာကို နားလည်နေတာ ဒါကြောင့်ပါပဲ။
❤️ပါပါးလည်း ဘာမှမကြားမိပါဘူး လွှတ်ဗျာ နာလှပြီ လက်ကို အားကြီးနဲ့ ဆုပ်ထားတာ
ကလေးတွေပြောရင်း သူ့ကို မာန်မဲတော့ ကိုကိုတို့ သွား၃၂ချောင်းမက ပေါ်အောင် ပြုံးဖြီးပြနေပြန်ပါပြီ။ ဒီလူကတော့ လူကို မရယ် ရယ်ချင်အောင် လုပ်နေတော့တာပဲ။
"သူတို့ကြားရတာ မမှားပါဘူး ဘာလို့ဆိုတော့ ကလေးတွေက ဖြူစင်တယ်လေ"
☄️ဘာလို့လဲ အစ်ကို
"ရှင်းပြရရင်တော့ နည်းနည်းရှည်မယ်ကွ လာပါ အေးဆေးလမ်းလျှောက်ရင်း ပြောကြတာပေါ့"
အကုန်လုံးက Zodiac boatကို ခွဲစီးခဲ့ကြရတာမို့ အခု ကျွန်းပေါ်ရောက်ချိန်မှာ လမ်းပြကိုယ်စီနဲ့ အစုငယ်အဖွဲ့ငယ်လေးတွေလိုဖြစ်သွားတဲ့ အနေအထားလေးပေါ့။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မနီးမဝေးလျှောက်နေကြတာပေမဲ့ အကုန်လုံးက ကိုယ့်လမ်းပြနဲ့ ကိုယ် ရှင်းပြတာတွေနားထောင် သိချင်တာတွေမေးကြ အံ့ဩမင်သက်စရာ ကမ်းစပ်နားက သင်္ဘောပျက်နားမှာ ကျွက်စီကျွက်စီဖြစ်နေကြတာပါ။ကမ်းပေါ်မရောက်ခင်လေးမှာလည်း သင်္ဘောပျက်အကြီးကြီးရှိပေမဲ့ ရေထဲတင်မို့ဆင်းကြည့်ဖို့ အခွင့်မသာခဲ့တော့ အခုထပ်တွေ့တဲ့ နား လူအုံပေါ့ဗျာ။
