Unicode
🖤Two Steps from Hell❤️
ပင်လယ်ပြာရဲ့ ရနံ့က အခန်းထဲဝယ် ဆွတ်ပျံ့နေသလို အခန်းဝမှာချိတ်ထားတဲ့ ခရုခွံတို့နဲ့ပြုလုပ်ထားတဲ့ မီးအိမ်လေးကလည်း အသံပေါင်းစုံမြည်လို့။
တရှူးရှူးနဲ့ အိပ်ပျော်နေသေးတဲ့ အသည်းလုံးလေးတွေကို နမ်းနေတုံး ကိုကိုက လက်တို့ပြီးလာခေါ်လို့ သူ့နောက်လိုက်ရသည်။
❤️ဘာလဲ ကိုကို
🖤 သားနဲ့ သမီးရဲ့ မွေးနေ့အတွက် စီစဉ်ရအောင်လေ သန်ဘက်ခါဆိုတော့ မနက်ဖြန် ဒီကနေ နောက်တစ်နေရာရွှေ့မှရမယ်
နှစ်ယောက်သား MacBook ရှေ့ပူးကပ်ထိုင်ရင်း သားနဲ့သမီးအတွက် လုပ်ပေးချင်သမျှကို တူတူရှာဖွေ ပုံဖော်ရတဲ့ကိစ္စက တကယ်ကြည်နူးစရာပါ။ ပိုက်ဆံရှိရုံနဲ့ မရနိုင်တဲ့ မေတ္တာကို အခြေတည်ထားတာမို့ ကိုကို့စိတ်ကူးစိတ်သန်းတွေဟာ ဘယ်လိုမှ လိုက်မမှီနိုင်တဲ့ အနေအထားမှာပဲ ရှိနေတာလေ။
နက်ဖြန်မနက် ဒီကနေထွက်ပြီး နောက်တစ်နေရာရွှေ့ဖို့ လေယာဉ်လက်မှတ်အချိန်ကြည့် လက်မှတ်ကြိုဖြတ် ဟိုမှာတည်းမဲ့ ဟိုတယ်ရွေးရတာလည်း အမောပေါ့။
🖤 Sherwood က Ratingကောင်းလှချည်လားကွ လေဆိပ်နဲ့လည်း နီးတယ် ၈မိနစ်လောက်ပဲ သွားရတာတဲ့ ဘယ်လိုလဲ အသည်းလေး ကြိုက်လား
❤️အင်း organic vegetable farm ပါရှိတယ်တဲ့ ကိုကိုကြည့်စမ်း ကိုယ်ပိုင် Restaurantရော Barရောရှိတာဆိုတော့မဆိုးဘူး
အခုကြည့်နေတာက Queenstown မြို့မှာရှိတဲ့ Sherwood Hotel websiteပါ။ Wakatipu ဆိုတဲ့ကန်နားက တောင်ကုန်းမှာရှိပြီး ရှုခင်းကတော့ အသက်ရှုရပ်မတတ်လှရက်လွန်းပါတယ်။ ဟိုတယ်အနေအထားကိုသေချာလိုက်ဖတ်တော့ ဟိုတယ်ဝန်းကျင် အနီးတစ်ဝိုက်မှာတင် hiking,fishing, cycling, skiingတွေပါလုပ်လို့ရတယ်တဲ့။ Queenstown မြို့တွင်းနဲ့ဆို ၁၅မိနစ်လောက်ပဲကွာဝေးတာမို့ အဖက်ဖက်ကအဆင်ပြေနေတော့ ဒီဟိုတယ်မှာပဲနေဖို့ဆုံးဖြတ်လိုက်ကြသည်။
🖤baby ကြည့် သူကတိုက်ခန်းတွဲလေးတွေလိုပဲကွ အခုကိုကိုတို့က လူကြီး ၅ယောက် ကလေးနှစ်ယောက်ဆိုတော့ babyရွေး ဘယ်နားကအခန်းလိုချင်လဲ Lake view ယူမလား ဘာယူမလဲ
