🖤 Apricity-8❤️

241 24 278
                                        

Unicode

🖤 Apricity-8❤️

နွေးတေးတေး အပူချိန်လေးကို နှလုံးသားနဲ့ခံစားရင်း ကျတော့်ကမ္ဘာမှာ စိုးရိမ်ခြင်းဒီရေဟာ အသက်ရှူသံနဲ့အပြိုင်မြင့်တက်နေသည်။ တောထဲကပြန်လာပြီး ညတွင်းချင်း Maria အကူအညီနဲ့ ရွာထဲက ဒေသခံဆရာဝန်ကိုခေါ်လို့ babyကို စစ်ဆေးခိုင်းရတဲ့အဖြစ်မို့ ကျတော့်မှာ ခုထိမအိပ်နိုင်သေးပါဘူး။

အဖျားက အငွေ့အသက်လောက်ပဲရှိပေမဲ့ တကိုယ်လုံး နာကျင်ကိုက်ခဲနေမှာမို့ ဆေးတော့ချိတ်သွားပေးပြီး ဘာမှမစိုးရိမ်နဲ့လို့တော့ မှာသွားပေမဲ့ ကျတော့်စိတ်ကမရဘူးလေ။သားနဲ့သမီးလည်း ပင်ပန်းလို့အိပ်ပျော် babyလည်း ပင်ပန်းတာတွေရယ် ဆေးအရှိန်‌ကြောင့်ရယ် နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပေမဲ့ ကျတော်ကတော့ ဖြစ်ပျက်ခဲ့သမျှကို မယုံနိုင်ခြင်းရော ပီတိရော အခုစိုးရိမ်ခြင်းရောပါ ပေါင်းစုံပြီး လူကအိပ်မရတာဆိုပါတော့ဗျာ။

ဒီနေ့သွားမဲ့ခရီးတွေအကုန်ရပ်နားထားဖို့ Mariaကို ပြောထားလိုက်ပြီး ဒီနေ့တရက်တော့ babyကို အပြည့်အဝအနားယူခိုင်းရမှာပါ။တရှူးရှူးမြည်နေတဲ့ ဝက်ကလေးတို့ရဲ့ အသက်ရှူသံလေးတွေရယ် ရင်ခွင်ထဲက ခပ်တိုးတိုးအသက်ရှူသံလေးရယ်ကို နားစွင့်ရင်း မျက်လုံးတို့ကို မှိတ်ထားတုံးမှာ ရင်ခွင်ထက်က ပါးဖောင်းလေးရဲ့ လှုပ်ရှားမှုလေးရယ် စကားသံတပိုင်းတစရယ်ကို ကျတော်ကြားရ ခံစားလိုက်ရသည်။

❤️ခေါက်ဆွဲပြုတ်ပါဆို အင့်...

လူကသာ နေမကောင်းလို့ မလှုပ်နိုင်ဘဲ အိပ်နေတာ အိပ်မက်ထဲမှာတော့ ခေါက်ဆွဲပြုတ်ကို ဘယ်သူနဲ့လုနေလဲမသိပါဘူး။ သူနေမကောင်းလို့ ပါးစပ်ပျက်တဲ့အခါ ကြက်စွပ်ပြုတ်မဟုတ်ရင်‌ ခေါက်ဆွဲပြုတ်ချဉ်စပ်ကို ရံဖန်ရံခါပြုတ်တိုက်တတ်တာမို့ သူတောင့်တနေလေသလား တွေးမိတော့ မနက်ကျရင်သေချာလေး ချက်ကျွေးမယ်လို့ စိတ်ကူးရတာမို့ Mariaကို စာပို့ပြီး လှမ်းမေးထားလိုက်သည်။ Rovaniemiနဲ့ အနီးဆုံးကုန်တိုက်ရှိမရှိဆိုတာရယ် ခေါက်ဆွဲပြုတ်ဖို့လိုအပ်တာတွေဝယ်ရနိုင် မရနိုင်ရယ်ပေါ့ဗျာ။ ဒီမှာက များသောအားဖြင့် ကိုယ်ရောက်နေတဲ့ရက်ပိုင်းလေးမှာတောင် Salmon Soup, Mushroom soupဆိုတဲ့ စွပ်ပြုတ်ပူပူနွေးနွေးတို့ကိုသာ စားကြတာကို တွေ့ရတာမို့ ခေါက်ဆွဲပြုတ်စားရဖို့က ခက်ခဲချင် ခက်ခဲနေနိုင်တာကိုး။မနက်မိုးလင်းရင် အဆင်သင့်ပြန်ဖြေနိုင်အောင် စာပို့ထားပေမဲ့ Mariaဆီက ချက်ချင်းစာပြန်လာသည်မို့ အံ့တောင်ဩလို့။

HodophilesWhere stories live. Discover now