🖤 Auckland Day Trip 1❤️

355 42 409
                                        

Unicode

🖤 Auckland Day Trip 1❤️

မပူမအေး မျှတသော အခန်းလေထုထဲဝယ် ကျွန်တော်ချစ်သော အသက်ရှူသံလေးတွေက ဝေ့ဝဲလို့။

မျက်လုံးတို့ကို ဖွင့်ကြည့်တော့ မိုးလင်းခါနီး မိုးဖွဲကျတာနဲ့ ကြုံဆုံနေလို့ မှန်ပြတင်းနားကပ်ကာ မှန်ကိုလက်ဝါးပြင်နဲ့ ထိကပ်လိုက်တော့ အေးချမ်းခြင်းကို ခံစားရသည်။

ကိုကိုကတော့ နိုးတဲ့ချိန်မှ ထသွားမယ်ဆိုပေမဲ့ ရာသီဥတုအနေအထားအရရော ဒီကလေးတွေအတွက်ပါ ကြည့်ရမှာမို့ မနေ့ကပြောထားတဲ့ Kiwi Tuk Tukဆိုတဲ့ Auckland မြို့တွင်းလှည့်ပတ်ကြည့်ရှူမဲ့ခရီးစဉ်လေးကိုပဲ ဖုန်းထဲကနေ Bookingလှမ်းလိုက်သည်။

သူက ၂၄နာရီserviceပေးတာမို့ mobile ticket စနစ်နဲ့ လက်မှတ်ဖြတ်ပြီး ငွေလွှဲငွေချေကိစ္စပြီးတော့ လာကြိုရမည့် အချိန်ကို မေးလာတာမို့ ၁၀နာရီလို့သာပြောလိုက်သည်။ တစ်နာရီစာ private tourအတွက် ရတဲ့ဝန်ဆောင်မှုတွေက ဟိုတယ်ထိ အကြိုအပို့၊ Driver, Guide နဲ့ food & drinksတဲ့။

ရာသီဥတုအခြေအနေအရတော့မိုးရွာလိုက်နေသာလိုက် တလှည့်စီဖြစ်နေမှာမို့ ဘန်ကောက်မှာတည်းက စီစဉ်လာတဲ့ မိုးကာအပါးလေးတွေဝတ်ကြရမှာပေါ့။ ထီးကလည်း သားနဲ့သမီးအတွက်ကအစ အကုန်ပြင်ဆင်ခဲ့ပြီးသားမို့ ကိုယ့်ထီးကိုယ်ယူရုံပါပဲ။

သူတို့ပေးထားတဲ့ ခရီးစဉ်လမ်းကြောင်း ခဏဖတ်နေတုံး တံခါးခေါက်သံသဲ့သဲ့ကြားရတော့ တံခါးထဖွင့်ပေးလိုက်သည်။ဒါက ဒီအခန်းရဲ့ဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ wake up serviceပါ။ မနက်ဝေလီဝေလင်းလေးမှာ ကော်ဖီပူပူလေးနဲ့ sandwichကို ‌သပ်ရပ်လှပတဲ့ ဗန်းလေးထဲထည့်ပြီး လာပို့ပေးတာမို့ ကျေးဇူးတင်ကြောင်းပြောပြီး လက်ခံထားလိုက်သည်။

ကော်ဖီဗန်းလေးချပြီး အပြင်လှမ်းကြည့်တော့ မိုးကတိတ်သွားပြီး အရုဏ်တက်နေခြည်တို့က ဝါရွှေရောင်အလင်းနဲ့ ကောင်းကင်ပြင်မှာ နေရာယူနေကြပြီမို့ ကျွန်တော်လည်း မျက်နှာမသစ်သေးခင် ဒီနေ့ ခရီးအတွက် ပြင်စရာရှိတာ ပြင်ဆင်ထားလိုက်သည်။

သားနဲ့သမီးရဲ့ ကျောပိုးအိတ်ထဲမှာ ရေဘူး ခေါက်ထီးအသေးလေးနဲ့ သူတို့အန်ချင်တာဖြစ်ဖြစ် ထည့်ချင်တာရှိရင်ဖြစ်ဖြစ်ထည့်ဖို့ ziplock bagလေးတွေတစ်အိတ်စီထည့် အစာကြေဆေးလို ပလာစတာလိုလေးတွေ တစ်စုံစာစီဘူးလေးတွေနဲ့ထည့်ပြီး ဝတ်ရမဲ့အဝတ်အစားနဲ့ ဖိနပ်တွေပါတစ်ခါတည်းထုတ်ပြီး ပြင်ဆင်ထားလိုက်သည်။

HodophilesWhere stories live. Discover now