🖤 Superheroes❤️

317 34 861
                                        

Unicode

🖤 Superheroes❤️

A/N ယနေ့အပိုင်းကို မခမ်းနားမကျော်ကြားသော အမှောင်ဆုံးအချိန်ကို အားတင်းကြိုးစားဖြတ်သန်းနေကြသူ Superheroအားလုံးအတွက် ရည်ရွယ်ပါသည်။

🖤❤️🖤❤️

ပိုးကောင်မွှားကောင်လေးတွေ တစီစီအော်မြည်နေတဲ့ညမှာ ကားခေါင်မိုးနဲ့ ကပ်နေတဲ့ over cab bedမှာ နွေးနွေးထွေးထွေး ထွေးဖက်လို့ အိပ်ချင်ပါတယ်။ ဒါပေမဲ့ အတ္တထက် မေတ္တာက နေသားကျနေတဲ့ဘဝမှာ အောက်က ဝက်ကလေးတွေဘေး တိုးဝင်အိပ်ရတာက ဘဝပဲပေါ့။

ကျွန်တော်တို့က ရှေ့ခန်းအပေါ်မှာ စိတ်ချလက်ချအိပ်နေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ နေရာကျဉ်းပေမဲ့ ဒီတစ်ညပဲ သည်းခံလိုက်ရင် အကုန်အဆင်ပြေသွားမှာလေ။ ညနက်မှအိပ်ရာဝင်ဖြစ်ကြပေမဲ့ ဒီညတော့ ကိုကိုက ကျွန်တော့်လက်တွေကို ဆုပ်ကိုင်မထားတော့ဘူး။

တခါတလေပေမဲ့ ကျွန်တော်ပျော်ပါတယ်။ လွတ်မြောက်ရလို့ ပျော်ခြင်းထက် သူခဏလောက် ကျွန်တော့်ကိုမပူပင်ရ မတွေးတောရဘဲ နေစေချင်တာပါ ဒါလေးပါပဲ။

ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ညမှာ ကျွန်တော့်မှာ ညကသူနဲ့တူတူဖက်ငိုရတဲ့ခံစားချက်တွေနဲ့ နွေးထွေးနေတာ ကျွန်တော်အသိဆုံးပဲ။အဲ့တော့ ကျွန်တော်ဝတ်ထားတဲ့ အထပ်ထပ်သောအနွေးထည်တွေ အကုန်ချွတ်လို့ စပို့ရှပ်အဖြူတထည်တည်းနဲ့ ကားပေါ်ကနေ အောက်ဆင်းလာခဲ့တယ်။

ဒီညတော့ အကြောက်တရား ကင်းကင်းနဲ့ကြယ်တွေကို ငေးဦးမယ်။ ကြယ်တွေကို ခုတုံးလုပ် လိမ်ညာထားရတော့ ခုလို မငေးဖြစ်ရတာကြာပြီလေ။ အရိုးကွဲမတတ်အေးတဲ့လေက လူကိုပွေ့ထားပေမဲ့ ကိုယ့်ခွန် ကိုယ့်အားနဲ့ ကျွန်တော်က နွေးနေတာပါ။

နယူးဇီလန်ရဲ့ဆောင်းညမှာ အနွေးထည်မဝတ်ဘဲ ကြယ်တွေကို ထိုင်ငေးဖူးတယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အမှတ်တရလေးလည်း ကျွန်တော့်ဟာကျွန်တော် ဖန်တီးချင်တာလည်းပါတာပေါ့ဗျာ။

သစ်သားစားပွဲပေါ်တက်ထိုင်ပြီး ကြယ်စင်စုကြီးကိုငေးရင်း ဖေဖေဘယ်နားရှိမလဲရှာမိတယ်။ ရူးနေသလိုပါပဲ ဖေဖေက ကိုကို့မျက်ဝန်းထဲမှာရှိတာကို ကျွန်တော်က ကောင်းကင်ပေါ်ကကြယ်တွေထဲ လိုက်ရှာနေတာ။

HodophilesTempat cerita menjadi hidup. Temukan sekarang