🖤Fly to Auckland❤️

339 52 326
                                        

Unicode

🖤Fly to Auckland❤️

✍️မနက်ခင်း နေခြည်တွေထွေးထားသော အဝါရောင်တိမ်စိုင်တို့ကြားထဲတွင် လေယာဉ်တစ်စင်း ပျံသန်းနေလေသည်။

နှလုံးသားစေရာခရီးလို့ ဆိုရမဲ့ ဒီပျံသန်းခြင်းကိုတော့ Fly to Auckland ဟုသာ အမည်ပေးချင်ပါသည်။

ချစ်ခြင်းမေတ္တာတို့နဲ့အတိပြီးသော မိုင်တိုင်တစ်ခုသာဖြစ်ပါရစေ...✍️

ဒီခရီးစဉ်ကစ ဒိုင်ယာရီတစ်ခုထားဖို့ဆုံးဖြတ်ခဲ့တာမို့ လေယာဉ်ပေါ်ထိုင်မိတာနဲ့ စာအုပ်ထုတ် တိမ်တွေကိုငေးလို့ ခရီးစဉ် အစပျိုးအ‌နေနဲ့ ရေး‌နေမိတာပါ။

ပြန်မရနိုင်မဲ့ ပုံရိပ်တွေအတွက် ဓာတ်ပုံရိုက်ကူးခြင်းနဲ့ အမှတ်တရရယ်လို့ သိမ်းဆည်းတတ်ကြသလို အတွေးစတွေအတွက်ရယ်ကတော့ ဒိုင်ယာရီကသာ အသင့်တော်ဆုံးပါ။

ဒီအချိန် ဒီနေရာမှာ ဒီလိုအတွေးလေးတွေနဲ့ ဒီခရီးကို သွားခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကို တချိန်မှာ ပြန်ပြောင်းတမ်းတသတိရနိုင်တာလည်း ကံကောင်းခြင်းပါပဲ။

အကုန်လုံးကတော့ တခါမှ မရောက်ဖူးသေးတဲ့ခရီးမို့ ပျော်ရွှင်တက်ကြွနေကြတာပါ။ သားနဲ့သမီးရယ် သူတို့အဖေရယ် မထားရက်ခဲ့လို့ ခေါ်လာတဲ့ Blackနဲ့  Beautifulရယ် ပြီးတော့ P'Mikeနဲ့ Blueရယ် ချန်ချန်ရယ် အကုန်လုံးအပြုံးကိုယ်စီနဲ့ပါ။

ပျော်ရွှင်ခြင်းက ကူးစက်တတ်တဲ့ virusမို့ သူတို့ကြည့်ပြီးကို ပျော်နေရပါပြီ။ သားနဲ့သမီးအနားကမခွာဘဲ စနောက်နေတဲ့ ကိုကို့ကိုကြည့်ပြီးတော့လည်း အပြုံးတို့က ရပ်မရ။

ပျော်ရွှင်ခြင်းနဲ့ ကျွန်တော့်ထက်ပိုထိုက်တန်တဲ့လူသားမို့ သူပြုံးနေတာကို ကြည့်ပြီး အသက်တောင်အောင့်ထားမိတဲ့အထိ အနှောင့်အယှက်မပေးချင်တာပါ။

အသက်ရှူသံလေး နည်းနည်းပြင်းရင်တောင် အကြင်နာအကြည့်တွေက ကျွန်တော့်ဘက်ဝဲကျလာတတ်တဲ့လူစားမို့ပါ။

💛ကားစီးမယ်

🖤သားရာ လေယာဉ်ပေါ်လာပြီး ဘယ်ကားစီးမှာတုံးကွ

💛တားတား ကားယူရာတယ် ဒီဒီရ ကျန်းးးး ဒီမှာ

ကိုယ့် Private Jetနဲ့ ကိုယ်မို့သာ တော်ပါတော့တယ်။ မဟုတ်ရင် ၁၁နာရီကျော်ကြာအောင် စီးရမဲ့ခရီးမို့ ကလေးတွေပင်ပန်းနေကြရဦးမယ်။ အခုတော့ သူတို့သက်တောင့်သက်သာနေရဆော့ရတော့ တော်သေးတာပေါ့။

HodophilesWhere stories live. Discover now