🖤 Apricity-7❤️

258 31 435
                                    

Unicode

🖤Apricity-7❤️

❄️Heaven's Dream✨

Santa Claus villageအဝင်က အပူချိန်ပြဇယားတိုင်ကြီးမှာတော့ အပူချိန်က ယခုလက်ရှိအချိန်မှာ -11လို့ပြနေသည်။အပြင်မှာအေးခဲနေပေမဲ့ ရင်ထဲမှာတော့ နည်းနည်းပူစပြုလာပြီ။ကျတော်မျှော်နေတဲ့ အချိန်းအချက်က ဘယ်နေရာမှာလဲဆိုတာ ခုထိမသိရသေးလို့လေ။

🖤Baby

❤️ဟင်

🖤ဘာဖြစ်နေတာလဲ နေရောကောင်းရဲ့လား

❤️ကောင်းပါတယ် ကိုကိုရ နည်းနည်းအေးနေလို့ပါ

"အခုသွားမဲ့နေရာက Santa Claus villageမှာ အအေးဆုံးနေရာနော် အဆင်ပြေပါ့မလား"

စိုးရိမ်စကားဆိုပေမဲ့ သတိပေးခြင်းလည်းမည်တာမို့ Mariaကို နားလည်ကြောင်း ခေါင်းတစ်ချက်ညိတ်ပြပြီး ပြုံးပြလိုက်သည်။

❤️ဒီနေရာထိရောက်လာပြီးပြီပဲဟာ မစိုးရိမ်ပါနဲ့ Maria

🖤သွေးပူသွားအောင်လုပ်ပေးမယ် လာခဲ့

ရုတ်တရက်ခါးကို ကလိလာထိုးတော့ သူ့လက်ကနေလွတ်အောင်ရုန်းရင်းပြေးရင်းနဲ့ သောကအပူကနည်းနည်းတော့လျော့ရပါသည်။ပြေးရင်းလွှားရင်းနဲ့ Snowman Worldအဝင်ရောက်တော့ Maria က လူဦးရေတွက်ပြီးဝင်ကြေးပေးဖို့ရှေ့ကသွားနှင့်သည်။ကျတော်တို့မှာတော့ ခုမှရောက်ဖူးတဲ့ခရီးသွားတွေမို့ ခြေတလှမ်းစာကအစ အမှတ်တရတွေဖြစ်တည်နေတာမဟုတ်လား။

The Coolest Place In Santa Claus villageဆိုတဲ့ စာလုံးတွေကို နှင်းထုနံရံကြီးမှာ ရေးထွင်းထားပုံက အအေးဒီဂရီကိုပိုလို့တောင်မြင့်တက်စေပါသည်။စာလုံးသာမက  ခရစ်စမတ်ခေါင်းလောင်းနဲ့ပန်းခက်ပန်းနွယ်တို့ကိုထွင်းထုထားပုံက လှပနေတာမို့ ထိုနေရာတွေရှေ့ အမှတ်တရဓာတ်ပုံရိုက်ဖြစ်ကြသည်။ရိုက်လို့ပြီးတော့ Maria က အဝင်ဝမှာစောင့်နေတာမို့ အထဲဝင်တော့ Polar Bearပုံစံနဲ့ သတိပေးဆိုင်းဘုတ်လေးက ချော်လဲတတ်ကြောင်းနှင့် သတိပြုရန် အသိပေးနေတာမို့ ခြေလှမ်းအရှိန်ကိုလျှော့ပြီးတလှမ်းချင်းဝင်ချိန်မှာ နောက်ကနေပြေးလိုက်လာတဲ့ ကိုကိုတစ်ယောက်ခြေချော်သံကို ကြားလိုက်ရသည်။

HodophilesWo Geschichten leben. Entdecke jetzt