Unicode
🖤 Apricity-11❤️
နွေးထွေးခြင်းတွေပြည့်နှက်ခဲ့တဲ့ညကို ကျော်လွန်လို့အပြီးမှာတော့ ချစ်ရသူကို ရင်ခွင်ထဲပွေ့ပိုက်လို့ ကျတော်နိုးလာခဲ့သည်။ ညက တရားဝင်မင်္ဂလာဦးညလေးမှာ အကြောက်တရားတွေကင်းလို့ ဒီလူပိစိလေးကို အချစ်တွေပုံအောပေးပစ်ခဲ့တာမို့ ကောင်လေးကတော့ ပင်ပန်းနေတော့မည်ထင်သည်။
ပါရမီအဖြည့်ကောင်းလှတဲ့ သူငယ်ချင်းစုံတွဲကတော့ မင်္ဂလာဦးညအတွက် ဒီဈေးကြီးလှတဲ့ Cabinကို ငှားပေးရုံမက အရာရာအဆင်သင့်ပြင်ပေးထားတာမျိုး။သိပ်တော်တဲ့ကောင်ကြီးကို အိမ်ပြန်ရောက်မှ အာဘွားတွေပေးပစ်ရမယ်။
🐒ကိုကို ဘာတွေ ပြုံးနေတာလဲ
🍍ဪ အလိုက်အသိလွန်နေတဲ့ Perthကို ပြန်ရောက်ရင် အာဘွားတွေပေးပစ်ရမယ်လို့ တွေးနေတာ အချစ်ကလေးရဲ့
ကျတော့်စကားကိုကြားတော့ ကောင်ငယ်လေးက သဘောကျစွာရယ်လို့။သူငယ်ချင်းကြားက မေတ္တာက ဖြူတာထက်တောင်ပိုတယ်ဆိုတာ ဆိုင်သူတွေရော တလောကလုံးပါအသိကိုး။အဲ့တော့ ခုလိုပြောလို့လည်း သူစိတ်ဆိုးမှာမဟုတ်ဘူးဆိုတာသိလို့ စိတ်ထဲရှိတာကို ပွင့်လင်းစွာပဲပြောပြမိတာပါ။
🐒ကိုကို သူပုန်လက်စာမိချင်ရင် လုပ်ပေါ့ ကျတော် မကယ်ဘူးနော် ဟားဟားဟား
🍍အေး ဟုတ်သားပဲ သူပုန်ကောင်လက်ဆက မထင်ရအောင် ပြင်းတာ လိုက်လည်းလိုက်ပါတယ် Perthနဲ့သူနဲ့က ပြီးတော့ ကိုကို Saintကို အရမ်းသဘောကျတာတစ်ခုရှိတယ်သိလား သူက သိပ်တော်တဲ့ အဖေဖြစ်နေလို့ပဲ
🐒အဲ့ဒါတော့ ကျတော်လည်းထောက်ခံတယ် သူ့လိုအဖေမျိုးတကယ်ဖြစ်ချင်တယ် အားကျလွန်းလို့ ကြိုးလည်းကြိုးစားနေတယ် P'Saint ကလေ သားသမီးတွေအတွက်ဆို သေရာကနေတောင် ပြန်ထလာနိုင်တဲ့ လူစားမျိုးပဲ ကျတော်သာ သူ့နေရာမှာဆို ခုချိန်ထိ အသက်ရှင်နေနိုင်ပါ့မလား မသေချာဘူး
🍍ကိုကိုက သူတို့ စယူတည်းက အနီးကပ်မြင်ရသိရတာတွေများခဲ့တော့ သူတို့အချစ်ကိုလည်း လေးစားတယ်အားကျတယ် ကိုယ့်မှာတချိန်ချစ်ရမဲ့သူရှိလာခဲ့ရင် ငါလည်းအဲ့လိုမျိုး ချစ်ပြမယ်လို့တောင် စိတ်ကူးဖူးတယ်
