🖤 Campervan Tour_1❤️

222 29 520
                                        

Unicode

🖤Campervan Tour_1❤️

အဖြူရောင် Van ကားနှစ်စီးရှေ့မှာ တန်းစီရပ်နေသော ခြေအစုံတို့ဟာ အရှေ့အရပ်ကို မျက်နှာမူလျက် စစ်ချီတက်မည့်ဟန်နဲ့....

လူအပြင် အမြီးတနှံ့နှံ့ယမ်းတတ်လေသော ကောင်ငယ်နှစ်ကောင်ကပါ လျှာတန်းလန်း ခေါင်းမော့လျက် အရှေ့က ပါဝါရိန်းဂျား ယုန်ဖြူကြီးကို ကြည့်လို့...

🖤အဟမ်း

❤️တိတ်...

🖤ဘာလဲ ချောင်းဟန့်တာ...

❤️တိတ်နေပါဆို

🖤ဟုတ်

ဤခရီးကို စီစဉ်လေသော ကောင်ငယ်လေးဟာ Campervanပိုင်ရှင်ပေးသွားသော စာရွက်ကြီးကို မျက်လုံးကျွတ်ထွက်မတတ် ငုံ့ဖတ်ရင်း ကျွန်တော်တို့ကို အမှာစကားပြောကြားဖို့ ဟန်ပြင်နေတာပင်။

သူလုပ်နေပုံကိုကြည့်ပြီး အကုန်လုံးက သူ့ကိုအသည်းယားလို့ ဝိုင်းပြီးဖျစ်ညှစ်ပစ်ချင်နေတာကိုတော့ သူမသိ။ အသည်းယားလို့ ရယ်ချင်ပေမဲ့ လှောင်တယ်လို့အထင်ရောက်မှာစိုးလို့ ဘယ်သူမှမလှုပ်ရဲ။

ကျွန်တော်တောင်မစဉ်းစားပေးခဲ့တဲ့ ဒီလိုခရီးကို သူတမင်စီစဉ်တည်းက ကျွန်တော်လေးစားခဲ့ပြီးသားပါ။ ကိုယ်ထူကိုယ်ထ သွားရမဲ့ခရီးမို့ လိုက်နာစရာစည်းကမ်းတပုံတပင်ကြားမှာ ဘယ်သူ့ကိုမှမပင်ပန်းစေလိုပေမဲ့ အခု သားနဲ့သမီးကအစ ပြုံးပျော်နေတော့ ကျွန်တော်လည်း စိတ်ချမ်းသာရပါတယ်လေ။

❤️ok အကုန်လုံးအခုကျွန်တော်ပြောတာ သေချာနားထောင်ပါ အခု ကျွန်တော်တို့က ဒီကားတွေကို ကိုယ်တိုင်မောင်းပြီး နှစ်ရက်ကြာခရီးစဉ်တစ်ခုကို ဖြတ်သန်းရမှာပါ ခရီးအဆုံးသတ်ကတော့ Kaikōuraပါ

အဲ့ဒါအခု ကျွန်တော်တို့စီးမဲ့ကားနဲ့အရင်မိတ်ဆက်ပေးမယ် ကားထဲမှာပါတဲ့ဟာတွေလည်းပြောပြမယ်

ဒီကောင်ကြီးတွေနာမည်က Big Buzzတဲ့ Campervanအမျိုးအစားဖြစ်ပြီး Toyota companyကထုတ်တဲ့ Dyna Modalဖြစ်တယ်

ဒီကားက certified self contained လုပ်ပြီးသားကားပဲ ဆိုလိုချင်တာကဗျာ ကိုယ့်တာဝန်ကိုယ်ယူရမဲ့ ကားမျိုးပဲ ကားပေါ်မှာ လူနှစ်ယောက်အိပ်လို့ရမဲ့ bed နှစ်ခုပါတယ် Kitchenပါတယ် Toiletပါတယ်
ရေက Kitchenနဲ့ Toiletအတွက် 50 litersစီပါတယ် Toiletဆိုပေမဲ့ ရေချိုးဖို့ မျက်နှာသစ် ဘာညာအတွက်ရောပါတာပေါ့

HodophilesWhere stories live. Discover now