🖤Aroha❤️

238 30 414
                                    

Unicode

🖤Aroha❤️

လေတဟူးဟူးတိုက်နေတဲ့ နှင်းလွင်ပြင်ကြီးမှာ နှင်းမှုန်တွေကပါ ဝေ့ဝဲလို့....

နေခြည်ရဲ့ပြင်းပြခြင်းဟာ နှင်းထုရဲ့ ခိုင်ကျည်ခြင်းကို ထိုးဖောက်ခြင်းငှာ မစွမ်းသာတော့ အအေးဓာတ်ဟာ တောက်ပခြင်းထက်သာလွန်စွာ လတ်ဆတ်နေဆဲပေါ့။

ကိုယ်တွေနောက်နားမှာ Mikeတို့နဲ့ ဆော့နေတဲ့ သားနဲ့သမီးကို စိတ်ချထားလိုက်ပြီး နှင်းတောထဲထိုင်ရုံမက ပက်လက်ပါလှဲလိုက်တော့ နွေးထွေးတဲ့ လက်ဖဝါးက ကျွန်တော့်မျက်လုံးပေါ် အုပ်မိုးပေးလာသည်။

🖤 အလင်းရောင်ကို ကိုကို့အရိပ်ထဲကပဲရှာပါလို့ ပြောထားတာ မေ့သွားပြီလား အချစ်လေးရဲ့

ဘေးနားငုတ်တုတ်လေးထိုင် ကျွန်တော့်မျက်လုံးပေါ် လက်ဖဝါးနဲ့ကာပေးလို့ ပြောနေပုံလေးက မြတ်နိုးစရာအပြည့်နဲ့ပါ။ ဒီလူသားရဲ့အချစ်ကို ကျွန်တော့်နှလုံးခုန်သံနဲ့ တိုင်းလို့ရရင် တိုင်းချင်ပါတယ်။

သို့ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သေချာသိပြီးသားပါပဲ။ ကျွန်တော့်နှုတ်ခမ်းညွှတ်ကွေးရုံလောက်လေးအတွက်တောင်မှ စကြဝဠာပါ သိမ်းပေးနိုင်တဲ့ လူမျိုးလေ။

ကိုကိုဆိုတဲ့ ဒီလူသားဟာ ကျွန်တော့်သံသရာမှာတော့ ခံစားချက်တွေပုံဖော်နိုင်တဲ့ အရှင်သခင်တစ်ပါးပါပဲ။  ကောင်းကင်ကကြယ်ကို လက်တွေ့ယူပေးလို့ မရနိုင်ပေမဲ့ Reach for the stars ဆိုတဲ့ စကားစုနဲ့တင် ခံစားချက်တွေရှင်သန်ဖွဲ့တည်စေနိုင်သူပဲ။

ကျွန်တော်ဟာ သူ့ရဲ့ကောင်းကင်ဘုံပါလို့ ပြောချင်တာလေးတစ်ခုအတွက် ရွှေရောင်လွှမ်းတဲ့ကမ်းခြေမှာ သံစဉ်တွေနဲ့ ကြက်သီးထဖွယ်ရာ ခမ်းနားစေခဲ့တာတွေ မွေးနေ့တုံးက မီးပုံးပျံ‌စီစဉ်ပေးပြီး လိပ်ပြာတွေပြည့်နေတဲ့ ကောင်းကင်ဘုံကို လက်ဆောင်အဖြစ်ပေးခဲ့တာတွေ အများကြီး အများကြီးပါပဲ။

🖤ဟေ့ ဘာတွေစဉ်းစားနေတာလဲ

❤️ ကိုကို baby ကို ဘယ်လောက်ထိချစ်တာလဲလို့ တွေးကြည့်နေတာ

🖤တွေးမနေနဲ့ အဖြေကဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူး ကိုကို့အချစ်တွေက ပြန်လမ်းမရှိအဆုံးအစမဲ့လို့‌လေ ထတော့ အေးမယ် အအေးပတ်ပြီးဖျားနေမယ် လာ

HodophilesWhere stories live. Discover now