🖤 Happy Hiking❤️

250 40 667
                                        

Unicode

🖤Happy Hiking ❤️

တည်ငြိမ်သော မနက်ခင်းရဲ့ အသက်ဓာတ်ရောင်နီတို့ဟာ မိုးကုပ်စက်ဝိုင်းကို မေးတင်လျက် နိုးထလာချိန်မှာ ကျွန်တော်ချစ်ရသော အသည်းအသက်လေးတို့ကတော့ အိပ်ပျော်နေကြတုံးပါပဲ။

မှန်တံခါးအသာလေးဖွင့်လို့ အပြင်ထွက်မတ်တပ်ရပ်ရင်း ပင်လယ်လေကို ဝဝရှူသွင်းတော့ လန်းဆန်းခြင်းနဲ့ အေးမြခြင်းက တကိုယ်လုံးလွှမ်းခြုံသွားတာကို ခံစားလိုက်ရသည်။

မနက်ခင်း အရုဏ်တက်အလှမှာနစ်ဝင်နေတုံး ခါးကိုသိုင်းဖက်လာတဲ့ လက်နှစ်ဖက်ကြောင့် ကျွန်တော့်လောကကြီးကပိုပြည့်စုံသွားပါပြီ။

🖤နိုးလာပြီလား ကလေးလေး

သူ့လက်ဆွဲယူရင်း ရှေ့ဆွဲခေါ်လို့ ရင်ခွင်ထဲထည့်ဖက်ထားရင်း သူနေကောင်းမကောင်းလည်း ကြည့်ရသေးသည်။ ဒီနေ့ Able Tasman coastlineတလျှောက် အလည်သွားဖို့ private tourလေးတစ်ခုစီစဉ်ထားတာမို့ပါ။

ကိုယ်ကသာတဖွဖွနမ်းရင်း မေးနေပေမဲ့ သူကတော့ အိပ်ချင်မူးတူးမျက်လုံးကမပွင့်သေး။ မှေးစင်းနေတဲ့ မျက်လုံးလေးနဲ့ ရင်ခွင်ထဲကနေမော့ကြည့်နေတဲ့ ပုံကိုကြည့်ရင်း စိတ်ထဲက တပ်မက်ခြင်းတွေက မြူခိုးတွေဝေလာသလိုမျိုး။

🖤ဟင့်အင်း

ဆတ်ခနဲ သူ့ကို ဖက်ထားရာကနေ ခွာထုတ်လိုက်တော့မှ မှေးနေတဲ့မျက်လုံးကပြူးလာတော့တာပါ။

❤️ဘာတုံး ဘာလို့တွန်းထုတ်တာတုံး

🖤ဟိုလေ ကိုကို ရှူးပေါက်ချင်လာလို့ babyရဲ့ သွားလိုက်ဦးမယ်နော် babyက လေကောင်းလေသန့်လေးရှူလိုက်ဦး

သူ့ထားခဲ့ပြီး ရေချိုးခန်းထဲဝင်တံခါးပိတ်ပြီးမှ ရင်ဘတ်ကို ခပ်နာနာထုရင်း အသက်ဝဝရှူမိ‌တော့သည်။ တခါတလေဆိုပေမဲ့လည်း ခုချိန်က သင့်တော်တဲ့ကာလမဟုတ်ဘူးလေ။ ခရီးသွားနေတုံး သူ့ကျန်းမာရေးကို ထိခိုက်စေမဲ့ဘယ်အရာမဆို ကျွန်တော်မလုပ်နိုင်ပါဘူး။

ကျွန်တော်သူ့ကိုချစ်လွန်းတဲ့စိတ်နဲ့ သူ့ကျန်းမာရေးမကောင်းတဲ့အချိန်ကနေစလို့ ခုထိ စောင့်ထိန်းသင့်တဲ့အချိန်မှာ အကောင်းဆုံးစောင့်ထိန်းနိုင်ခဲ့တယ်ဆိုပေမဲ့ ခုလိုမျိုး သူ့မျက်နှာမြင်ရရုံနဲ့ လွတ်ထွက်ချင်တဲ့အခါမျိုးလည်း ရှိပါတယ်။ မင်းကတော့ မျက်နှာမြင်ရုံနဲ့ ငါ့ကိုရူးစေနိုင်တဲ့ တစ်ဦးတည်းသောလူသားလေးပါပဲ babyရယ်။

HodophilesWhere stories live. Discover now