✨Ice Desert✨

197 27 92
                                        

Unicode

✨Ice Desert✨

အေးစက်နေတဲ့ လေထုတွေလွှမ်းခြုံနေတဲ့ အဲကွန်းဖွင့်ထားတဲ့ ရုံးခန်းထဲမှာ ကျွန်တော်ချွေးတွေပင်စို့နေမိသည်။ လက်မှတ်ထိုးစရာ စာရင်းဇယားအပုံလိုက်နဲ့ ဆုံးဖြတ်ချက်ချစရာ ကိစ္စတွေကြောင့် ဆိုတာထက် အရေးကြီးတဲ့အရာကြောင့် ခုလိုဖြစ်နေရတာပါ။

"Boss ချွေးတွေတောင်ပြန်နေပါလား ရေလေးသောက်ပါဦး အလုပ်ကအရမ်းများပေမဲ့ ကျွန်တော်နဲ့ Mike ရှိနေတာပဲ Bossရယ် အဲ့လောက်စိတ်ပူမနေပါနဲ့"

🖤ငါက အလုပ်ကိုပူနေတာမဟုတ်ဘူး ဒီတခါ ခရီးသွားရင် ငါ့ babyအတွက် ဘယ်လိုစီစဉ်ပေးရမလဲ တွေးပူနေရတာ ဟိုကအရမ်းအေးတယ်ကွ

"ဟမ် ....."

"မှတ်ပလား ဟားဟားဟား မင်းမို့ သူ့စိတ်ပူနေသေးတယ်"

Chimတစ်ယောက် ဖြစ်သွားတဲ့ မျက်နှာကိုကြည့်ပြီး Mike က အော်ရယ်တော့ ကျွန်တော်လည်း ရယ်မိပြီ။ အရမ်းအေးတယ်လို့သာပြောရပေမဲ့ တကယ်တမ်းကျ ဒီကိစ္စနဲ့ ပတ်သက်လို့ သူနဲ့ကျွန်တော့်ကြား အခြေအတင် စကားများရနိုင်ခြေတွေ ဖြစ်လာနိုင်တာ ကိုယ့်ဘာသာသိနေတာမို့ ရင်ထဲတော့မောရပါတယ်။

ဟိုရက်က RHC ပြီးတဲ့နောက်ပိုင်းမှာ baby တစ်ယောက် လုပ်ချင်တာတွေများလာတာ သတိထားမိပါတယ်။ အဲ့လိုသတိထားမိပြီး ဘာကြောင့်ဆိုတာခံစားမိနေတာမို့ သူမပြောခင်တည်းက ခရီးစဉ်အကြောင်း ကျွန်တော်တွေးနေမိတာပါ။ တကယ်ဆို သူ့အတွက် ကျွန်တော်က မသွားစေချင်ပေမဲ့ သူက သူပေးထားတဲ့ကတိအတွက် မရရအောင်သွားမဲ့ကလေးလေ။

အကြောင်းပြချက်နည်းနည်းစီပေးလို့ အနားမှာနေပေးပါဦးလို့ ပြောချင်တဲ့ ကျွန်တော်နဲ့ သူ့မှာအချိန်တွေ မကျန်တော့သလိုမျိုး မသေခင် လုပ်ချင်တာတွေများပြီး ပြာယာခတ်နေတာမျိုး ဖြစ်နေတာက ကျွန်တော်နဲ့သူ့အတွက် စကားများစရာ လမ်းစတွေပဲပေါ့ဗျာ။ မနာကျင်စေချင်ပေမဲ့ P'May ပြောဖူးတဲ့ Healthy relationship မှာ သူ့အမြင် ကိုယ့်အမြင် အငြင်းပွားမှုလေးတော့ ရှိနေမြဲ ရှိနေရမှာမို့ ဒီတခါတော့ အလျှော့မပေးခင်မှာ ခံစားချက်တွေ သူသိအောင် ထပ်ပြောကိုပြောမှာပါ။

HodophilesHikayelerin yaşadığı yer. Şimdi keşfedin