1-1 // ငါတို့ဌာနရဲ့မိန်းမလှသေတဲ့အဆိပ်

3.1K 254 14
                                    



ကုဖျင်းရှန်ရဲ့ရောက်ရှိလာမှုကြောင့် ဥပဒေဌာနကရုတ်တရက်ကျော်ကြားလာခဲ့တယ်

သိပ္ပံဘာသာရပ်နဲ့ အင်ဂျင်နီယာပညာတွေကြောင့်နာမည်ကျော်ကြားတဲ့ တက္ကသိုလ်ပီပီ ဂြိုလ်တုဆက်သွယ်ရေးဌာနနဲ့ စီမံခန့်ခွဲမှုဌာနတွေကခေါင်းဆောင်နေရာမှာရှိနေပြီး ဗိသုကာနဲ့ အမျိုးမျိုးသောသိပ္ပံတွဲဌာနတွေကလည်းသူတို့ရဲ့တိတ်ဆိတ်တဲ့အကျင့်နဲ့မတူစွာ ပေါ့ပေါ့တန်တန်တော့မနေဘူး စာပေပညာပိုင်းတွေနဲ့ပတ်သက်တဲ့ ကျန်တဲ့အထီးကျန်တဲ့ဌာနတွေကသာ ကျောင်းမှာဆိုစကားထဲထည့်ပြောရလောက်တဲ့အဆင့်မရှိတာ

"ဥပဒေကျောင်း? ဒီတက္ကသိုလ်မှာ ဥပဒေကျောင်းရှိတယ်ပေါ့ Fudanတက္ကသိုလ်မှာပဲရှိတာမဟုတ်ဘူးလား"

ရှန်းယောင် ခံပြင်းပြင်းနဲ့ ကျောင်းWebsiteမှာရေးထားတာကိုကြည့်ပြောလာတယ်

"သူတို့ဘယ်လိုလုပ်ပြောရဲရတာလဲ ငါတို့ကိုအထင်သေးနေတာပဲ!"

သူမရဲ့မျက်လုံးတွေက နေ့လည်ခင်းတစ်ခုလုံး အင်တာနက်ပေါ်ကဆွေးနွေးမှုမှာပဲကပ်နေပြီး နေ့လည်စာတောင် အသင့်စားခေါက်ဆွဲလေးပဲစားလိုက်တယ်

ကုဖျင်းရှန်ရဲ့ဓာတ်ပုံလေးတစ်ပုံကြောင့် ဥပဒေဌာနကနောက်ဆုံးတော့နာမည်ကြီးလာတာပဲ

ရာသီဥတုကအရမ်းပူတော့ ထုံရန်အိပ်ရာပေါ်မှာခြေကားယားလက်ကားယားနေနေတယ်

နှင်းသီးအခွံကိုသွားနဲ့ကိုက်ရင်း တစ်ခုပြီးတစ်ခုစားနေပြီးမကြာခဏ ကုတင်ရဲ့ပိတ်ချောအကာကိုမပြီး အခွံတွေကိုအိပ်ရာအောက်ပစ်ချနေတယ်

"ငါတို့ကအမြဲတမ်းသိုသိုသိပ်သိပ်ပဲနေလာခဲ့တာအခုတော့ Supergirlရဲ့ကျော်ဇောမှုကိုတောင်အမှီလိုက်နိုင်တော့မလိုပဲ အားလုံးက ကုဖျင်း..."

[ Supergirlအစီအစဥ်က ၂၀၀၄ကနေ ၂၀၀၆အထိထုတ်လွင့်ခဲ့တာဖြစ်ပြီး အမျိုးသမီးအဆိုပြိုင်ပွဲပုံစံပါ ထုတ်လွင့်တဲ့အချိန်မှာအရမ်းအောင်မြင်ခဲ့ပါတယ် ]

ပြောနေရင်းတန်းလန်း ဆရာ့နာမည်ကိုတိုက်ရိုက်ခေါ်လိုက်မိတာကိုသတိထားလိုက်မိပြီး

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now