3-1 // တကယ်ကြီးလား

1.2K 174 4
                                    


ကုဖျင်းရှန်ရောက်လာချိန် ထုံရန် ဘတ်စ်ကားမှတ်တိုင်မှာ လမ်းဘေးကပန်းခင်းကို ငေးရင်းနဲ့အတွေးထဲနှစ်မြုပ်နေတုန်းပဲ ဖြစ်ပျက်ခဲ့သမျှကို လူတွေအပေါ်အပြစ်တင်ဖို့ကြိုးစားတာတို့ မျှော်လင့်မရှိတော့ဘဲလက်လျော့လိုက်တာတို့ အဲ့လိုအရွယ်ကို သူမကျော်လွန်ခဲ့ပြီ ဖြစ်နိုင်တာ ကုဖျင်းရှန်ပြောခဲ့တဲ့စကားတွေက သက်ရောက်မှုပြင်းသွားလို့နေမယ်

အရှေ့မှာရပ်ပြီး သူမကိုငုံ့ကြည့်နေတဲ့ ကုဖျင်းရှန်ရဲ့မျက်နှာပေါ်လာတယ်

ခေါင်းမော့ပြီး ကြည့်လိုက်ချိန်မှာ သူက ရေအေးတစ်ဘူးကမ်းလာရင်း

"ဒီနေ့တော်တော်ပူတာပဲ"

သူမ လှမ်းယူလိုက်ချိန်မှာ သူ့လက်ကလည်းရေတွေစိုနေတာသတိထားမိလိုက်တယ် ရေဘူးပေါ်ကရေတွေထင်တယ်

လက်ကိုင်ပဝါကိုထုတ်ပြီး သူမကို ရေဘူးပေါ်ကရေတွေသုတ်လိုက်ဦးဆိုတဲ့သဘောနဲ့ ပေးလာတယ်

"သူငယ်ချင်းကားကိုယူခဲ့တာဆိုတော့ ကျင့်သားမရသေးတာနဲ့ဖြေးဖြေးမောင်းလာတာ"

စကားပြောနေတဲ့တစ်လျှောက်လုံး သူပြုံးနေတယ်

ကုဖျင်းရှန် နောက်ထပ်စကားတွေပြောတော့မလိုလုပ်ချိန်မှာပဲ ထုံရန်ကရုတ်တရက်ရီမောလိုက်ပြီး

"အရင်ဆုံးတစ်ခုသဘောတူရအောင် သမီးဘာလို့ပိုက်ဆံချေးလဲဆိုတဲ့အကြောင်းအရင်းကိုမမေးဖို့"

ကုဖျင်းရှန်က အရမ်းအံ့သြသွားတဲ့မျက်နှာနဲ့

"ကျောင်းသူထုံရန် အဲ့အကြောင်းကိုမပြောမိဖို့ ဆရာကြိုးစားနေတာမတွေ့ဘူးလား"

"အင်း သိတယ်"

ထုံရန် သူ့ကိုအဓိပ္ပာယ်အပြည့်ပါတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး

"နေရခက်တဲ့အခြေအနေကိုဖျောက်ဖို့ ဆက်ကြိုးစားနေမှာကိုစိုးရိမ်တာနဲ့ သမီးပြောလိုက်တာ"

အစကရည်ရွယ်ထားတာ ကုဖျင်းရှန်ဆီကပိုက်ဆံကိုယူပြီး ဘဏ်မှာသွားအပ်မယ်ပေါ့ ဒါပေမယ့် ကုဖျင်းရှန်က ကဒ်တစ်ကဒ်ပေးလာပြီး လျှို့ဝှက်နံပါတ်ပါပြောပြရင်း

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Tempat cerita menjadi hidup. Temukan sekarang