10-3 // အတူရှိချင်ရုံ

972 135 21
                                    



ဖုန်းချလိုက်ပြီးနောက်မှာတော့ ကုဖျင်းရှန် သန့်ရှင်းတောက်ပနေတဲ့ ဧည့်တွေ့ခန်းထဲမှာပဲဆက်ထိုင်နေလိုက်တယ်။ သူ့အနားမှာ စီးကရက်သောက်ဖို့ အပြင်ထွက်လာတဲ့သူတွေရှိနေပေမယ့် သူကတော့ ဆိုဖာပေါ်မှာ အရမ်းသက်တောင့်သက်သာရှိတဲ့အနေအထားနဲ့ပဲ ထိုင်နေရင်း ဟိုတယ်ကပစ်လွှတ်တဲ့ မီးရှူးမီးပန်းတွေကိုကြည့်နေတယ်

မရေတွက်နိုင်တဲ့ အဖြူရောင်အလင်းတန်းတွေက ကောင်းကင်ပေါ်တက်သွားပြီး ချက်ချင်းပဲ ကြီးမားအံ့ဩဖွယ်ရာကောင်းတဲ့ ပြသမှုအဖြစ်ပြောင်းသွားတယ်

ထျန်းကျင်းကဘယ်လိုနေရာမျိုးလဲ။
သူတစ်ခါမှ အဲ့မြို့ကိုမရောက်ဖူးဘူး

ကုဖျင်းဖန်က သူ့အနားလာ ထိုင်ပြီး လက်ဖမိုးကိုထိလိုက်တော့ သူကြည့်လိုက်တာနဲ့ ပြုံးရင်း

"ခုနက နင့်ကောင်မလေးအကြောင်း အဘိုးမေးတယ် သူမကနင့်ကျောင်းသူဆိုတာတော့မပြောလိုက်ဘူး အဘိုးကဆရာနဲ့ကျောင်းသားကြားက စိတ်ကူးယဉ်ပက်သက်မှုတွေကို သိပ်မဘောမကျဘူးဆိုတာ သိတယ်မလား"

"သိတယ်"

သူ သိပ်လွန်လွန်ကျူးကျူးကြီး စိုးရိမ်မနေဘူး

"ငါလည်း ဒီလိုဆက်ဆံရေးကိုကန့်ကွက်ဖူးတာပဲ  ထုံရန်က ငါ့အမေနဲ့တူလို့သဘောကျတာလားလို့ နင်မေးဖူးတာကို မှတ်မိလား။ ပြောရရင် အဲ့တာကလုံးဝဆန့်ကျင်ဘက်ပဲ ငါ့အမေကြောင့် ဒီဆက်ဆံရေးကို စတင်သင့်၊မသင့်ဆိုတာ တွေဝေဖူးတဲ့အချိန်ရှိတယ်"

အဲ့တုန်းက သူ သူမကို ရက်သတ္တပတ်၂ပတ်ရှောင်ခဲ့တယ်

ကျောက်ရင်ကိုတောင် သူမအတွက်သီးသန့်စာသင်ပေးဖို့မေးခဲ့တယ်။ သူထင်ခဲ့တာ အရာအားလုံးအဆင်ပြေအောင်စီစဉ်ပြီးပြီပေါ့။ သူမကိုသာအချိန်အတော်ကြာရှောင်နေလိုက်ရင်း နှလုံးသားလေးလည်း မာကျောသွားပြီ သူလည်းအဆင်ပြေသွားလိမ့်မယ်လို့ သူမ ဘဝကိုအနှောင့်အယှက်ပေးနေမှာထက်စာရင် အဲ့တာကပိုကောင်းတယ်

ဒါပေမယ့် အဲ့ဒီနေ့လည်ခင်း သူ သူမကိုစာဆက်မသင်ပေးတော့ဘူးဆိုတဲ့အကြောင်း ပြောလိုက်ချိန်မှာ တွေ့လိုက်ရတဲ့ သူမ မျက်ဝန်းထဲက ခပ်မှိန်မှိန် စိတ်ပျက်အားငယ်မှုတွေက သူ့နှလုံးသားကို နူးညံ့လာစေရော

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now