ရှန်ဟိုင်းနဲ့သိပ်မရင်းနီးသေးတဲ့ ကုဖျင်းရှန်ကို ရှန်းယောင်ကပျော်ပျော်ကြီးလမ်းပြပေးနေတယ်သွားနေရင်းနဲ့ Huaihaiလမ်းပေါ်က ရှန်းယောင်ရဲ့အိမ်နားရောက်နေမှန်း ထုံရန် သတိထားမိသွားတော့ သူမတိုးတိုးလေးမေးလိုက်မိတာ
"ဘာလို့Huaihaiလမ်းကိုသွားနေတာလဲ ဆရာကုကို ထမင်းတစ်လုပ်အတွက်နဲ့ ညာစားတော့မလို့လား"
ဒီနေရာအတွက် သူမရဲ့အမြင်ကတော့ အရမ်းစျေးကြီးတယ်ဆိုတာပဲ
"အဲ့ဆိုင်က နေ့လည်၃နာရီဆိုဖွင့်ပြီ ငါအိမ်ပြန်ပြီး အဝတ်လဲချင်တယ် ဆိုးလိုက်တာ နင်ကငါ့ထက်၁၀စင်တီမီတာပုနေလို့ မဟုတ်ရင် ငါနင့်အတွက် ဘောင်းဘီလဲဖို့ပေးတယ်"
သူမကို မျက်လုံးတစ်ဖက်မှိတ်ပြရင်းနဲ့ ရှန်းယောင်ပြောလာတယ်
"မဟာအလှပိုင်ရှင်ကု ကိုယ်တိုင်ကလိုက်ကျွေးမယ်ပြောနေတာကို ငါသူ့ကိုမလှည့်စားရင်း နှမြောစရာကြီး"
ပြောပြီးတာနဲ့ ကုဖျင်းရှန်ကိုလှည့်ကြည့်လိုက်ပြီး
"ဆရာကု သမီးအိမ်ကဒီနားမှာပဲ ခဏလောက်လိုက်ခဲ့ပါလား နွေးနွေးထွေးထွေးဖြစ်သွားအောင်အဝတ်သွားလဲချင်လို့"
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...