11-2 // အတိတ်ဆိုတာမရှိတော့ဘူး

790 128 11
                                    


၆နာရီစွန်းစွန်းလောက်ပဲအိပ်ပြီး စောစောထတတ်တဲ့အကျင့် သူ့မှာရှိတယ်။

သူ့နံဘေးက လူကတော့ပင်ပန်းနေခဲ့တာ ဘောလုံးလေးလိုခွေနေပြီး သူ့အနားကိုတိုးဝှေ့နေတယ်။ ဆံနွယ်ရှည်တွေကလည်း ခေါင်းအုံ့ထက်မှာ ပြန့်ကျဲလို့ အခန်းအပူချိန်ကြောင့်ထင်တယ် သူမရဲ့ မျက်နှာလေးကအနည်းငယ်နီရဲနေတယ်

ဒီလိုနဲ့ သူ သူမကိုအချိန်အတော်ကြာကြည့်နေပြီး နောက်ဆုံးတော့ ဖုန်းကိုကိုင်လိုက်ရင်း ဖျင်းဖန်ကိုစာပို့လိုက်တယ်

U.S.ပြန်ပြီးခွဲစိတ်မှုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီ TK

သူ့ဖုန်းကမြန်မြန်တုန်ခါလာပြီး

တကယ်လား ငါချက်ချင်းပဲပြင်ဆင်စရာတွေပြင်လိုက်တော့မယ်

မနေနိုင်ဘဲရီလိုက်မိပြီး

မှတ်မိတာတော့ ငါလည်းဆေးကျောင်းတက်ဖူးသလားလို့ပါ ငါ့ကိုယ်ငါပြင်ဆင်နိုင်ပါတယ် TK

စာပို့ပြီးသွားတော့ ခေါင်းစောင်းလိုက်ပြီး သူမကိုကြည့်လိုက်တာ သူမမျက်နှာကပိုပိုပြီး အပန်းရောင်ပြောင်းလာသလားလို့

စောင်အောက်ကသူမလက်ကိုထုတ်လိုက်ပြီး အပေါ်တင်ပေးလိုက်တယ် ခဏလောက်နေတော့ သူမရဲ့အသက်ရှူသံကဖြည်းဖြည်းချင်းနူးညံ့လာပြီး မျက်နှာလည်းမူလအသားအရောင်ပြောင်းသွားခဲ့ပြီ

တစ်ချိန်တည်းမှာပဲ ဖျင်းဖန်ရဲ့စာကဖန်သားပြင်ပေါ် ပေါ်လာပြီး

ကိုယ့်ဘာသာလုပ်မယ်လို့တင်းခံနေရင်လည်း အနည်းဆုံးတော့ ဘယ်ခွဲစိတ်ဆရာဝန်နဲ့လည်းဆိုတာတော့ ပြောပြဦး တစ်ခါခွဲစိတ်မှုလုပ်ပြီးပြီဆိုတော့ ဒီတစ်ခါကပိုရှုပ်ထွေးပြီး နာလန်ထူမယ့်ကာလကလည်းပိုကြာမှာ အဲ့ဒီအတွက်ပြင်ဆင်ထားသင့်တယ်

သူ ရိုးရိုးရှင်းရှင်းပဲ ကောင်းပြီလို့ပြန်လိုက်ပြီး ဖုန်းချပြီးတာနဲ့ ရှပ်အင်္ကျီကောက်ဝတ်လိုက်တယ်။

ထုံရန် နိုးလာတော့ သူအခန်းထဲမှာမရှိတော့သလို အပြင်ဘက်ကဘာအသံမှမကြားရဘူး

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now