2-3 // အဲ့ဒီဇာတ်လမ်းလေးတွေ

1.1K 176 7
                                    



ကုဖျင်းရှန် ပြန်လာတော့ စာရွက်အလွတ်ကြီးပဲဖြစ်နေသေးတယ် သူမတကယ်ကိုဘယ်လိုတွက်ရမယ်မှန်းမသိတာ အဲ့တာအပြင် နောက်ကျနေပြီဆိုတော့ ကုဖျင်းရှန်ရဲ့အစ်မဝမ်းကွဲက ညစာစားသွားဖို့ပြောလာတယ်

အမှန်အတိုင်းပြောရရင် New Yorkနဲ့ Californiaပြည်က ရှေ့နေဟောင်းတစ်ယောက်ရဲ့ ဟင်းချက်စွမ်းရည်က ချီးမွန်းလို့ရတဲ့အထဲမှာမပါဘူး ထုံရန် ဟင်းတစ်ချို့ကိုမြည်းပြီးတာနဲ့ မျက်တောင်တစ်ချက်တောင်မခတ်ဘဲ ချက်ရအလွယ်ကူဆုံးဖြစ်တဲ့ မှိုနဲ့အရွက်ကြော်ကိုပဲတူနဲ့လှမ်းယူလိုက်တယ် တိုက်တိုက်ဆိုင်ဆိုင် ကုဖျင်းရှန်လည်း အရွက်ကြော်ကိုယူလာတယ် ပါးစပ်ထဲထည့်လိုက်တာနဲ့ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး ရေခွက်ကို ပြိုင်တူသောက်လိုက်ကြတယ်...

ကုဖျင်းဖန်ကတော့ အားတက်သရောဆက်စားနေပြီး

"TKပြောတာ အရင်ကတည်းက နှစ်ယောက်သားသိကြတာဆို ပြီးတော့လည်း သူဆရာဝန်အဖြစ်အလုပ်သင်ဆင်းတုန်းကဟုတ်လား"

ထုံရန်ခေါင်းငြိမ့်လိုက်ပြီး ရေတွေထပ်သောက်လိုက်တယ်

"တစ်ခါပဲတွေ့ဖူးတာပါ"

ဆရာကုဘယ်လောက်ပြောထားလဲဆိုတာ မသိတော့ တိုတိုတောင်းတောင်းပဲပြောလိုက်တယ်

အဲ့အဖြစ်အပျက်က သီးသန့်ဆန်လွန်းတယ် သူမ မသိခဲ့ဘူး ကုဖျင်းရှန်အတွက် အဲ့တာကတစ်ခါတည်းသော သူ့ပုံရိပ်နဲ့မတူဘဲထူးထူးခြားခြားပြုမှုခဲ့ခြင်းဆိုတာ ဒါပေမယ့် သူမအတွက်တော့ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေပေါ်ထွက်လာတဲ့နေ့ရက်ပဲ

ကိုယ်ကျင့်တရားတွေတိုက်စားခံလိုက်ရတဲ့ ဒီလိုခေတ်အခါမျိုးမှာ လူတော်တော်များများက လူနှစ်ယောက်ရဲ့ပတ်သက်မှုကြားမှာ တတိယလူဖြစ်နေတယ်ဆိုတာကိုဂရုမစိုက်ကြတော့ဘူး

ဒါပေမယ့် နွေးထွေးကြင်နာပြီး မင်းအပေါ်စိတ်ရှည်ချစ်မြတ်နိုးပေးရမယ့် မိခင်က သူတစ်ပါးရဲ့အိမ်ထောင်ရေးပြိုကွဲစေတဲ့အဓိကလူဖြစ်နေရော စကားတီတီတာတာပြောတတ်တဲ့အချိန်ကစပြီး လမ်းလျှောက်တတ်တဲ့အရွယ်အထိ မင်းမှီခိုခဲ့ရတဲ့လူက တစ်ညတည်းမှာတင် မင်းစက်ဆုပ် ရွံ့ရှာတဲ့လူမျိုးဖြစ်လာတယ်ဆိုတဲ့အသိ...သူမအတွက်တော့ ဒီနာကျင်မှုမျိုးက ယူကြုံးမရတဲ့စိတ်နဲ့ပြိုလဲသွားစေခဲ့တယ်...

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Dove le storie prendono vita. Scoprilo ora