7-3 // ငါသဘောကျတဲ့သူ

1.1K 154 22
                                    



အဆုံးမှာတော့ Fahuazhenလမ်းပေါ်က Shanghai Film Art Centreကိုတွေ့လိုက်တယ်

ခရစ်စမတ်အကြိုအတွက် ညလုံးပေါက် ရုပ်ရှင်သုံးကားကို အလှည့်ကျပြတဲ့အစီအစဉ်က ၁၁နာရီကတည်းကစတင်နေပြီ ရုပ်ရှင်ရုံရဲ့ မှောင်မိုက်နေတဲ့ လူသွားလမ်းကိုခြေချမိလိုက်တာနဲ့ ပထမရုပ်ရှင်ကားရဲ့အပိတ်သီချင်းကို ထုံရန်ကြားလိုက်ရတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခရစ်စမတ်အကြိုအတွက် ညလုံးပေါက် ရုပ်ရှင်သုံးကားကို အလှည့်ကျပြတဲ့အစီအစဉ်က ၁၁နာရီကတည်းကစတင်နေပြီ ရုပ်ရှင်ရုံရဲ့ မှောင်မိုက်နေတဲ့ လူသွားလမ်းကိုခြေချမိလိုက်တာနဲ့ ပထမရုပ်ရှင်ကားရဲ့အပိတ်သီချင်းကို ထုံရန်ကြားလိုက်ရတယ်

သူတို့ထိုင်ပြီးတာနဲ့ ထုံရန် နောက်ဆုံးတော့သက်ပြင်းချလိုက်နိုင်တယ် ရုပ်ရှင်ရုံကလာတဲ့အလင်းကိုသုံးပြီး ကုဖျင်းရှန်ကို

"တော်သေးတယ် ပထမရုပ်ရှင်ကတကယ်ဆိုးရွားတာ အခုတော့ကြည့်စရာမလိုတော့ဘူး"

Christmasနေ့တို့ ချစ်သူများနေ့တို့ဆို ညလုံးပေါက်ရုပ်ရှင်တွေက ဟောင်ကောင်စိတ်ကူးယဉ်ဇာတ်လမ်းတွေပဲ ရုပ်ရှင်ကားအဟောင်းကော အသစ်ကော ပြလေ့ရှိတယ် ကုဖျင်းရှန်ကလက်မှတ်ဝယ်တာဆိုတော့ နောက်ပြမယ့်ရုပ်ရှင်က ဘာမှန်း သူမ မသိဘူး

"ဘယ်ရုပ်ရှင်ပြခဲ့တာလဲ"

သူမကိုတိုးတိုးလေးမေးလာတယ်

သူ့အသံကအရမ်းကိုတိုးတယ် သူ့မျက်လုံးတွေကိုကြည့်ပြီး သူမခေါင်းထဲ ဝင်လာတာ သူ့အကြားအာရုံကို ဆုံးရှုံးပြီးနောက်မှာ သူ့အသံနှုန်းကိုထိန်းချုပ်ဖို့အများကြီးအားစိုက်ခဲ့ရမှာပဲလို့ အဲ့လိုအရာမျိုးက လူတစ်ယောက်ယောက်ရဲ့အကူအညီလဲလိုသေးတယ်....နေရခက်ခဲ့မှာပဲ

"မင်းနဲ့အတူရှိချင်တယ်"

အပြုံးရေးရေးလေးနဲ့ ကုဖျင်းရှန် သူမကိုကြည့်လာပြီး

"တကယ်လား"

"ဒါပေါ့"

ထုံရန်က သူမနှာခေါင်းကိုအသာလေးရှုံ့လိုက်ပြီး

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now