14-3 // တစ်ချိန်ကချစ်ခြင်း

740 103 7
                                    

နောက်တစ်နေ့ သူမထတော့ နောက်ကျနေပြီ။ မှန်ကြည့်သွားတိုက်နေရင်း အဘွားနဲ့ကုဖျင်းရှန်ရဲ့ ဧည့်ခန်းထဲကစကားဝိုင်းလေးကိုကြားလိုက်ရတယ်။ ဒီအိမ်ရဲ့ အသံလုံမှုကတော်တော်ကောင်းတာပဲ ဘာပြောနေလဲဆိုတာကြိုးစားနားထောင်ပေမယ့် စကားဝိုင်းရဲ့အရိပ်အကဲလေးတောင်ဖမ်းမမိဘူး။ သူမ ထွက်လာတော့ လေသာဆောင်မှာ လက်ရမ်းကိုမှီပြီး ရှု့ခင်းကြည့်နေတဲ့ သူ့ကိုတွေ့လိုက်ရတယ်။

နူးညံ့ပြီးလက်ရာမြောက်တဲ့ အဖြူရောင် ရှပ်အင်္ကျီကို chinosဘောင်းဘီနဲ့ တွဲဝတ်ထားပြီး အင်္ကျီလက်တွေခေါက်တင်လို့ထားတယ်။ သူ့အနားလျှောက်လာလိုက်ပြီး နောက်ကျောကိုပုတ်လိုက်တော့ သူလှည့်ကြည့်လာမှ necktie ပါဝတ်ထားမှန်းတွေ့လိုက်ရတယ်...သူဒီလို တခမ်းတနားဝတ်တာရှားတယ်ကော။

မျက်လုံးတွေကိုမှေးကျဉ်းလိုက်ပြီး သူ့ရဲ့ခန့်ညားလှတဲ့အသွင်အပြင်ကို သူမ အံ့ဩစွာကြည့်လိုက်တယ်။

"ဒီနေ့ကျောင်းသွားမှာလား"

"လက်ထပ်ဖို့သွားမှာ"

"ဟင်?"

ထုံရန် သဘောမပေါက်ဘဲ ခဏလောက်ငေးကြည့်နေပြီး

"လက်ထပ်မယ်?"

"ဒီနေ့အလုပ်ဖွင့်တဲ့နေ့ ပြီးတော့"

necktieကိုနည်းနည်းလျော့ချလိုက်ပြီး အသံတိုးရင်းပြောလာတယ်

"ငယ့်အဘွားလည်းသဘောတူတယ်"

"အော်" လို့တုံ့ပြန်လိုက်ရင်း သူ့မျက်ဝန်းတွေကိုကြည့်လိုက်တယ် ပြီးမှ အကြည့်တွေကိုအောက်ဆင်းသွားတာ သူ့လက်ချောင်းထက်ကလက်စွပ်ကိုမြင်တဲ့အထိပဲ။ သူမ အတွေးတွေခဏလောက်ဗလာကျင်းသွားရပြီး ရုတ်တရက် အော်လိုက်မိတာ

"ရေသွားချိုးဦးမယ်!"

ပြီးတာနဲ့ရေချိုးခန်းထဲမြန်မြန်ဝင်သွားတော့တာပဲ။

ဒါကဖြစ်သင့်တဲ့ကိစ္စဆိုပေမယ့် သူမကိုတော့ တစ်မနက်ခင်းလုံး ဝရုန်းသုန်းကားဖြစ်စေခဲ့တယ်။ အဝတ်အစားရွေးတာနဲ့တင် တစ်နာရီကုန်သွားတာကိုပဲကြည့်။ သူမရဲ့အိပ်ခန်းထဲမှာ မှန်အကြီးကြီးမရှိတာကြောင့် အဝတ်အပုံလိုက်ကို ရေချိုးခန်းထဲယူသွားဝတ်ရတယ် အဲ့တာတောင် မကျေနပ်နိုင်ဘဲ တစ်ပုံပြီး တစ်ပုံသယ်သွားလိုက် သယ်လာလိုက်လုပ်နေပြန်တယ်။ နောက်ဆုံးတော့ ကုဖျင်းရှန် သူမလုပ်နေတာတွေကို ရီရတယ်လို့တွေးမိပြီး သူကိုယ်တိုင်ပဲ အပန်းနုရောင်ဂါဝန်လေးကိုရွေးပေးလိုက်တော့တယ်။

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now