12-3 // နည်းနည်းလွမ်းတယ်

759 109 11
                                    



မျက်နှာအသွင်အပြင်တွေကိုဆွဲထားတဲ့ စုတ်ချက်တွေမပြတ်သားဘူးဆိုပေမယ့် သူမဆိုတာကိုတော့ သိသိသာသာ သတိပြုနိုင်တယ်

ဘယ်နေ့ရဲ့ စာသင်ခန်းထဲကပုံလဲဆိုတာတော့ သူမ မခန့်မှန်းနိုင်ဘူး။သူ ဘယ်သူလဲဆိုတာအတည်ပြုလိုက်နိုင်တဲ့ ပထမဆုံးနေ့ကလား ဒါမှမဟုတ် "international commercial arbitration laws"ရဲ့ အခြေခံယူဆချက်ကိုမေးတဲ့နေ့ကလား။ သူ့မှတ်ဉာဏ်ထဲကအပိုင်းအစလေးတွေကိုမှီခိုပြီးရေးဆွဲထားတာဆိုရင် သူလေယာဥ်ပေါ်မှာတုန်းကရေးဆွဲထားတာပဲနေမယ်။

နောက်ထပ်email ၉ခုမှာစာတွေမပါဘူး

ပုံကြမ်းတစ်ခုပြီးတစ်ခု

အဲ့တာတွေကိုကြည့်နေရင်း ဘယ်နေ့ကနဲ့ ဘယ်အခိုက်အတန့်တုန်းကလဲဆိုတာ ခန့်မှန်းနေမိတယ်။ သူနဲ့ ဂိမ်းကစားနေသလို။ အဲ့တာတွေကိုဆွဲနေတုန်း သူ့မှတ်ဉာဏ်တွေထဲကမြင်ကွင်းတွေကိုပြန်တွေးနေရမှာပဲ သူမလည်း အတိတ်ကိုပြန်တွေးရင်း ဘယ်အခိုက်အတန့်လဲဆိုတာရှာနေတယ်

တစ်ချိန်တည်းမှာပဲ ရှန်းယောင်တစ်ယောက် သူမအနား ရုတ်တရက် တိတ်တိတ်လေးရောက်လာပြီး အံ့ဩသင့်စွာနဲ့

"ဝိုး!ဆေးကျောင်းတက်ဖူးတဲ့သူတွေကသာကိုသာတာပဲ အနည်းနဲ့အများတော့ ပုံကြမ်းဘယ်လိုဆွဲရလဲဆိုတာသိတယ် နင်ပြောကြည့် ဘာလို့ ငါ့ကိုကြိုက်တဲ့သူကဥပဒေတက်နေတဲ့သူဖြစ်နေတာလဲ"

ထုံရန် ရယ်ရင်း

"နင် သူ့ကိုစိတ်ကြိုက်ဘာသာရပ်အနေနဲ့ ပုံကြမ်းဆွဲတဲ့အတန်းကိုယူခိုင်းလိုက်ပေါ့ ငါပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့သလို"

"ဟဲ့ ဘာလို့ဒီလောက်ဟားတိုက်ပြုံးနေတာလဲ ဟုတ်တယ် လူတစ်ယောက်ကနင့်အတွက်ပုံကြမ်းတစ်ဒါဇင်လောက်ရေးဆွဲခဲ့တယ် အဲ့တော့ဘာဖြစ်လဲ"

စိတ်ပျက်လက်ပျက်နဲ့ ပြောရင်းတစ်ချိန်တည်းမှာတင် အူမြူးနေတဲ့ ရှန်းယောင်တစ်ယောက် ပုံတွေကိုဂရုတစိုက်ကြည့်နေရင်း ခဏလောက်လေ့လာနေတယ်

"ဒါကကုန်တိုက်မှာလား"

"အင်း"

သူမ ခေါင်းကိုအနည်းငယ်စောင်းလိုက်တယ်။ အမျိုးသမီးကြီးရဲ့ ထက်မြတ်တဲ့ စကားတွေနဲ့ စည်းရုံးမှုအောက်မှာ သူ ပစ္စည်းတွေအများကြီးဝယ်ခဲ့တာကို သူမ မှတ်မိသေး။

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Donde viven las historias. Descúbrelo ahora