ရှန်းယောင်ပြောခဲ့တဲ့စကား : ကျန်တဲ့လူတိုင်းကနောက်ခံမြင်ကွင်းပဲ သိသာတဲ့အရာကိုတောင်သတိမထားမိတဲ့ နောက်ခံမြင်ကွင်းကွန်ပျူတာဖန်သားပြင်ထက်က အုပ်စုပုံလေးကို ထုံရန် စိတ်ဝင်တစားကြည့်နေတယ်
"ငယ်တို့နှစ်ယောက်ပုံကိုပဲဖြတ်ထုတ်ပြီး အမှတ်တရသိမ်းထားရအောင်"
ဓာတ်ပုံညာဘက်ထောင့်ကရက်စွဲကိုညွှန်ပြလိုက်တယ်
"ဒီနေ့ကဖေဖော်ဝါရီ ၁၄ပဲ...မနက်ဖြန်သွားရတော့မှာမလား"
ပြောတဲ့အချိန်မှာ သူမခေါင်းကိုလှည့်ပြီး သူ့ကိုကြည့်နေတယ်
"တစ်ရက်စောပြီးသွားတာက ၁ရက်စောပြီးပြန်လာမယ်ဆိုတဲ့သဘောပဲလေ"
အဲ့တာကတော့မှန်ပေမယ့် ရုတ်တရက်ဆန်တဲ့ ဆုံးဖြတ်ချက်က သူမကို သူ့ကျန်းမာရေးစစ်ဆေးချက်ကဘယ်လောက်ဆိုးရွားနေလဲဆိုတာ တွေးမိစေတယ် ထပ်ပြောရရင် ကုသမယ့်နေရာကိုဘေကျင်းကနေUSကိုပြောင်းလိုက်တာ။ အဲ့မှာကုသနိုင်စွမ်းကပိုကောင်းတယ်ဆိုပေမယ့် သူမ နှလုံးသားကိုပိုတောင်မတည်ငြိမ်စေဘူး
သိသိသာသာကော မသိမသာကော တစ်နေ့လည်ခင်းလုံး သူ့ကိုမေးပေမယ့် စကားလမ်းကြောင်းလွဲပြီး နှစ်ဝက်အတွင်း ကျိန်းသေပေါက် ကျန်းကျန်းမာမာနဲ့ သူမအနားပြန်လာမယ်ဆိုတဲ့ ကတိပဲပေးနေတယ်
နှစ်ဝက်ဆိုတာကအရမ်းတိုတောင်းတဲ့အချိန်လို့ သတ်မှတ်လို့တော့မရဘူး
ဖြစ်နိုင်တာ သူ့စရိုက်အရဆို သေသေချာချာနေပြန်ကောင်းတဲ့အချိန်ထိစောင့်ပြီး သူပြချင်တဲ့ သာမန်လူတစ်ယောက်လိုပုံစံဖြစ်စေချင်လို့နေမယ်
ကုဖျင်းရှန် အရှေ့ကိုတိုးလာပြီး စားပွဲထောင့်ကိုလက်တစ်ဖက်ထောင့် ကျန်တစ်ဖက်ကိုထိုင်ခုံနောက်ကိုတင်ပြီး ဓာတ်ပုံကိုကြည့်လာတယ်။ ထူးထူးဆန်းဆန်း ဒီနေ့မှ သူ အပန်းနုရောင် အကွက်တွေပါတဲ့ ရှပ်အင်္ကျီဝတ်လာတာ...ဒီအရောင်ကသူ့ကို သိမ်ဖျင်းမှုအရိပ်အမြွက်လေးတောင် မဖြစ်စေဘူး။ ပြောရရင် နည်းနည်း...ဘယ်လိုပြောရမလဲ 'သန့်စင်တဲ့ကျောက်စိမ်းလို ဖြူစင်တဲ့အလှမျိုး' ပြီးတော့ ' သစ်ခွပန်းလိုဟန်ပန်နဲ့ ကျောက်စိမ်းသစ်ပင်'လို?
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...