16-2// လူကြီးမင်းကု

619 81 0
                                    

သူ့စကားတွေက သူမ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိဝင်သွားခဲ့တာကြောင့် လုပ်စရာအလုပ်တွေမရှိရင် သူပြောတဲ့စကားတွေဆီ သူမအတွေးတွေရောက်နေတတ်တယ်

သူပြောသလိုသာပြောရမယ်ဆိုရင် သူမ မိသားစုမှာပြဿနာတွေရှိတယ်ဆိုတာ သိရက်နဲ့တောင် သူမ သူ့ကို ဒီအရှုပ်အထွေးကြီးထဲဆွဲချခဲ့မိတာပဲ

တကယ်လို့ သူသာကျန်းမာတဲ့သူဆို သူမနဲ့အတူ ဒီအရာတွေကိုရင်ဆိုင်နိုင်မှာ ဒါပေမယ့် အခုလိုကျန်းမာရေးအခြေအနေမှာ သူ့ကို သူမနဲ့အတူရင်ဆိုင်ခိုင်းဖို့ဆိုတာ..သူမကပိုပြီးတောင် တစ်ကိုယ်ကောင်းဆန်ရာကျမနေဘူးလား

"မနက်ကထောင်ကိုသွားကြည့်ရတာဘယ်လိုလဲ"

ထုံရန်လို အလုပ်သင်တစ်ယောက်က သူ့ရဲ့နေ့လည်စာဗူးအဖုံးကိုဖွင့်လိုက်ပြီး နွေးစက်ထဲထည့်ကာမေးလာတယ်

"မသွားခင်တုန်းကတော့ အရမ်းကြောက်စရာကောင်းမယ်လို့ထင်ခဲ့တာ ဝင်သွားလိုက်တော့ အဆင်ပြေပါတယ်"

မြန်မြန်ဆန်ဆန်နေ့လည်စာစားပြီးနောက်မှာ အကျိုးဆောင်ရှေ့နေတွေတင်ပြထားတဲ့ စာရွက်စာတမ်းတွေကိုသိမ်းဖို့ရာ ထုံရန် အောက်ထပ်ကိုဆင်းလာလိုက်တယ်။ တရားရုံးပင်မအဆောင်မှာ အသားညိုညိုအသက်ကြီးကြီး လူကြီးနှစ်ယောက်ရယ် သူတို့နောက်ကနေကိုယ်စီလိုက်နေတဲ့ ရှေ့နေတွေရှိလို့နေတယ်။ သူတို့နှစ်ယောက်ထဲကတစ်ယောက်က တစ်ခြားတစ်ယောက်ကိုလက်ညိုးထိုးပြီး

"အားလုံးမင်းအပြစ်ပဲ နှစ်ဖက်လုံးတရားခွင်အထိရောက်အောင် မင်းလုပ်တာ!"

ထုံရန် သူတို့ဆီလျှောက်သွားလိုက်ပြီး စာရွက်စာတမ်းတွေလာယူတာဖြစ်ကြောင်းပြောလိုက်အခါမှာတော့ တင်းမာနေတဲ့မျက်နှာထားတွေရှိနေတဲ့ နှစ်ဖက်လုံးကရင်းရင်းနှီးနှီးပြုံးပြလာပြီး အပြောခံလိုက်ရတဲ့တစ်ဖက်လူကလည်း ငြင်းဆိုမယ့်စကားတွေကို မြိုသိမ့်လိုက်ရတယ်

တကယ်က သူတို့ကိုတာဝန်ယူပေးဖို့ အပေါ်ထပ်ကတစ်ယောက်ယောက်ဆင်းလာမှာ။

လူတွေ သူမရဲ့ရာထူးကိုအထင်လွဲနေကြတာကို ထုံရန် အခုထိနေသားမကျသေးတာကြောင့် နောက်လှည့်ပြီး ထွက်သွားမလိုလုပ်ချိန်မှာ ရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်လို့ သူမရဲ့မှတ်ဉာဏ်တွေထဲရှာဖွေနေတုန်း အဲ့ဒီလူကတော့ သူမအနားချဉ်းကပ်လို့လာပြီး ပြုံးကာနှုတ်ဆက်လာလေတယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now