13-2 // သူ့ကိုစောင့်နေရင်း

721 112 24
                                    


ပတ်ဝန်းကျင်ကိုသိဖို့ရာလွယ်ကူတယ်။ သူဆေးရုံမှာရှိနေတာပဲ။ ခွဲစိတ်ပြီးသွားပြီလား ဒါမှမဟုတ် ခွဲစိတ်ဖို့ပြင်ဆင်နေတာလား။ ခန့်မှန်းကြည့်လေလေ သူမ နှလုံးသားလေးတုန်လှုပ်လာလေလေ။ အဆုံးမှာတော့ ကုဖျင်းဖန်ပြောတဲ့စကားကိုပဲ အသုံးချရင်း ကိုယ့်ကိုယ်နှစ်သိမ့်လိုက်ရတယ်

"စိတ်လျော့ထား ဖိအားမပေးနဲ့"။ သူမကိုယ်သူမ ဖိအားမပေးဖို့ဆို ဖြေရှင်းစရာရှိတာတွေ အရင်ရှင်းမှရမယ်။

နောက်နေ့မှာတော့ ရှန်းယောင်က ရူပဗေဒအဆောင်ထိ အဖော်လိုက်ခဲ့ပေးတယ်

ကျောက်ရင်ရဲ့ရုံးခန်းထဲမှာ ရူပဗေဒအဆောင်ကကျောင်းသားတွေရှိနေပြီး လူတွေရှင်းသွားချိန်ထိ နှစ်ယောက်သား အပြင်မှာတော်တော်ကြာရပ်စောင့်လိုက်ရတယ်

"ငါ အထဲလိုက်ကူရမလား"

ရှန်းယောင် တိုးတိုးလေးမေးလာတယ်

ထုံရန် ခေါင်းခါလိုက်ပြီး

"အဲ့လိုလုပ်လို့ကောင်းမှာမဟုတ်ဘူး အပြင်မှာပဲစောင့်နေ"

တံခါးခေါက်ပြီး ဝင်သွားလိုက်တဲ့အချိန်ကနေ ပြန်ထွက်လာတဲ့အချိန်ထိဆို စုစုပေါင်းမှ ၁၀မိနစ်ကျော်လောက်သာကြာလေတယ်

ရှန်းယောင်ကတော့ စောင့်နေတဲ့နေရာမှာပဲ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ထုံရန် ထွက်လာတာတွေ့တော့ သူမ လက်ကိုမြန်မြန်ဆွဲကိုင်လိုက်ပြီး ဘယ်လိုဖြစ်သွားလဲလို့မေးလာတယ်။ အသိစိတ်မကပ်သေးသယောင်နဲ့ ထုံရန် ပြန်ဖြေလိုက်မိတာ

"သဘောတူတယ် သူမ ပြောတာ ဒီဘာသာရပ်ကိုစာသင်နှစ်၃နှစ်လုံးယူခဲ့ပြီး ဒီတစ်ခေါက်အကြိုစာမေးပွဲမှာ အမှတ်၈၀ကျော်လို့ နောက်ဆုံးစာမေးပွဲကျပြဿနာမရှိနိုင်ဘူးပြောတယ်"

"အဲ့လိုနဲ့ပဲ သဘောတူလိုက်တယ်ပေါ့"

"အဲ့လိုနဲ့ပဲ"

ရှန်းယောင်က သူမကို မယုံကြည်နိုင်စွာဘဲ တအံ့တဩဖြစ်နေတော့ သေချာတယ်ဆိုပြီး ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြလိုက်တယ်

အစကတော့ သူမ တံခါးကိုဖြတ်လျှောက်သွားကတည်းက သိပ်မမျှော်လင့်ထားဘူး။ ကျောက်ရင်က သူမ အမှတ်မေးဖို့လာတယ်ထင်ပြီး အဖြေလွှာကိုမြန်မြန်လေး သူမဆီကမ်းပေးလာတယ်။ ၈၁မှတ်..သမိုင်းတွင်လောက်တဲ့အရာပဲ

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now