17-3 // ပြောတာနားထောင်

625 70 8
                                    

နှစ်သစ်ကူးအကြို အားလပ်ရက်မှာ ကျောင်းမှာရှိနေတဲ့ မည်သူမဆို တက်ကြွတဲ့ညနေခင်းအခမ်းအနားကိုလက်လွတ်ခံမည်မဟုတ်ပေ။
ဘယ်နေရာပဲရောက်ရောက် ကုဖျင်းရှန်ကတော့နာမည်အကြီးဆုံးဆရာဖြစ်နေဆဲ။ ညနေခင်းအခမ်းအနားကို သူတက်ဖို့သေချာလေအောင် ထုံရန်ကိုသိတဲ့ သူ့ဌာနကကျောင်းသားတိုင်းက သူမကိုဖုန်းဆက်ကာဖိတ်ကြားလေတယ်။

ထုံရန် ဖုန်းချလိုက်ပြီး တိတ်တဆိတ်တွက်ချက်လိုက်တယ်။ သူမ အသက်၂၂ စတုတ္ထနှစ်ကျောင်းသူဆိုတာပဲ ဒါပေမယ့် သူ့ကျောင်းသားတိုင်းက 'ဆရာကတော်'မဟုတ်ရင် 'ဆရာကတော်လေး'ဆိုပြီးခေါ်ကြတော့ သူမ အသက်ကိုတောင်သံသယဝင်လာတယ်

"ငယ်အခုမှ အလုပ်သင်လေးပဲရှိသေးတယ်"

သစ်သားခေါင်းဖြီးအညိုနဲ့ သူမ ဆံပင်တွေကိုဖြီးလိုက်ရင်း ပြောလိုက်တယ်

"လူကြီးမင်းကု ရှင်နဲ့နေတာကြာလာလို့ထင်တယ် ကျွန်မတောင်အသက်ကြီးပြီး တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီ"

ကုဖျင်းရှန် ဆိုဖာကိုမှီထားရင်း သူ့လက်ပတ်နာရီကိုကြည့်လိုက်တယ်

"ငယ် နေ့ခင်းတစ်ရေးအိပ်သင့်တယ်"

ပြီးနောက်မှာတော့ သူ သူမရဲ့မကျေနပ်ပြောလာသံတွေကိုလစ်လျူရှုလိုက်လေတယ်

ခြေဗလာနဲ့ ကြမ်းပြင်ပေါ်ခြေချလိုက်တော့ ကုဖျင်းရှန်ရဲ့ မငြီးငွေ့နိုင်တဲ့ အအေးပတ်မယ်ဆိုတဲ့ သတိပေးစကားသံကြားမှာပဲ များပြားလှတဲ့ ဖန်ပုလင်းအသေးလေးတွေနဲ့ အိပ်ခန်းထဲကဝါဂွမ်းအထုပ်ကို ဆိုဖာပေါ်တင်လိုက်ပြီး

"ဘယ်အရောင်လှလဲ"

သူ့ကိုမေးလိုက်တော့တယ်

ကုဖျင်းရှန်ကဒီလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့ ထုတ်ကုန်တွေကိုသဘောမကျပေမယ့် မိန်းကလေးတိုင်းကအလှအပကိုသဘောကျမှန်းသိတော့

"ဒီနှင်းဆီရောင်"

တုံ့ဆိုင်းစွာနဲ့ သူအမြင်ကိုပြောပြလာတယ်

"လက်သည်းနီဘယ်လိုဆိုးရလဲသိလား"

"မသိဘူး"

သူ သူမကိုမယုံသင်္ကာကြည့်လိုက်ပြီး

"ကိုယ် သိသင့်လား"

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now