5-3 // စစ်မှန်တဲ့ မင်းနဲ့ငါ

1.1K 162 11
                                    



ကျောင်းသားဟောင်းတွေ့ဆုံပွဲက တကယ်တော့ သီးသန့်စုဝေးပွဲလိုပါပဲ လူအယောက်၂၀ကျော်ရှိပေမယ့် ၅ယောက် ၆ယောက်ကသာ Pennsylvaniaတက္ကသိုလ်ကဖြစ်တယ်

"TK တရုတ်ပြည်ကြီးကအကောင်းဆုံးဖြစ်နေတုန်းပဲ ဘယ်နေရာသွားသွား ရင်းနှီးတဲ့ခံစားချက်ရစေတဲ့ အနက်ရောင်ဆံပင်တွေနဲ့ မျက်လုံးအနက်တွေတွေ့ရတယ် ပြီးတော့ တရုတ်ဘာသာစကားကော ဒေသိယဘာသာစကားတွေကောလေ"

လော့ကျီဟောင် ကုဖျင်းရှန်ပုခုံးပေါ်လက်တင်လိုက်တယ်

"Nong ho. Le se va?[ hello မိုက်တယ်မလား]"

(ရှန်ဟိုင်းလေသံနဲ့ပြောလိုက်တာပါ)

"sorry နောက်တစ်ပိုင်းကို နားမလည်လိုက်ဘူး"

ကုဖျင်ရှန်း ဝရန်တာနားက ဆိုဖာပေါ်မှာထိုင်နေတယ်

လော့ကျီဟောင်က သူ့ရဲ့ငယ်သူငယ်ချင်းကောင်း အထက်တန်းကျောင်းအောင်ပြီးနောက်မှာ လော့ကျီဟောင်က Yaleတက္ကသိုလ်ဆီဝင်ခွင့်ရခဲ့ပြီး ၁နှစ်တောင်မကြာလိုက်ဘူး သူကိုယ်တိုင်ကျောင်းထွက်ခဲ့တယ် အဲ့အချိန်တုန်းက Yaleက တရုတ်အမျိုးသမီးတစ်ယောက်ကို တက္ကသိုလ်ကအတင်းထုတ်ပစ်ခဲ့တယ် ဘာလို့လဲဆို အဲ့ကျောင်းသူရဲ့ အင်္ဂလိပ်စကားက အမေရိကန်တွေလောက် မကောင်းလို့ပဲ မျိုးချစ်စိတ်ပြင်းတဲ့သူအနေနဲ့ လော့ကျီဟောင်ကကန့်ကွက်တဲ့အထဲမှာပါခဲ့တယ် ရလဒ်အနေနဲ့ အဲ့ကျောင်းသူကို ဌာနပြောင်းလဲစေရင်း ဒေါက်တာဘွဲ့ရဖို့ဆက်လက်သင်ကြားစေခဲ့တယ် ဒါပေမယ့်သူကတော့ ကျောင်းကိုလက်ပြထွက်ခဲ့ပြီး Pennsylvaniaကိုလာဖြစ်သွားတာပဲ

ပြီးတော့ လော့ကျီဟောင်က ကျောက်ရင်နဲ့တွေ့ပြီး စေ့စပ်ခဲ့တာစေ့စပ်ပြီးသွားမှ သူကတစ်ခြားတစ်ယောက်ကို သဘောကျနေခဲ့တယ် သူ တရုတ်ကိုမပြန်ချင်ဘူးဆိုတာက စိတ်မလုံတာနဲ့ လျှောက်ပြောနေတာပဲ လော့ကျီဟောင်က သူပြန်မလာခင် ကျောက်ရင် တစ်ယောက်ယောက်ကိုလက်ထပ်သွားစေချင်တာ ဒါပေမယ့် သူ့မှာလည်းကောင်းကွက်ဆိုတာတွေရှိတော့ သူတို့နှစ်ယောက်ကြားက အဆင်မပြေမှုတွေက ပြန်တွေ့ဆုံတဲ့အခါ အပြန်အလှန် အပြုံးတစ်ခုတည်းနဲ့ အတိတ်က ချစ်ခြင်းမေတ္တာတွေနဲ့ မကျေနပ်မှုတွေကို ဖျက်ပစ်လိုက်တယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now