18-3 // ဘဝဆိုတာ

504 75 2
                                    


ထုံရန် ကုဖျင်းရှန်ရဲ့အင်္ကျီကိုအလိုအလျောက်ဆွဲဆုပ်လိုက်မိသလို ကုဖျင်းရှန်လည်း တစ်ခုခုကိုနားလည်တဲ့ပုံနဲ့ သူမရဲ့ခါးပေါ်မှာတင်ထားသူ့လက်နဲ့ဖွဖွလေးပုတ်လာတယ်

"ရန်ရန်"

အဘွားကတော့ဘာမှမပြောဘဲ ပထမဆုံးစကားဆိုလာတဲ့သူက လက်နှစ်ဖက်မှာလိမ္မော်သီးအိတ်ကြီးတွေကိုင်ထားတဲ့ သူမရဲ့အဖေဖြစ်နေခဲ့တယ်

"သမီးလိမ္မော်သီးတွေစားရတာကြိုက်မှန်း  မှတ်မိလို့ ပေါင်အနည်းငယ်လောက် အဖေဝယ်လာတာ"

ထုံရန်ရဲ့မိခင်ကိုလှပတယ်လို့ပြောလေ့ရှိကြပေမယ့် သူမရဲ့အဖေကတော့ ခြားနားလှစွာနဲ့ အရမ်းတွေအိုမင်းရင့်ရော်လို့နေတယ်။ စကားပြောရင်း သူ့ဦးထုပ်ကိုချွတ်လိုက်ချိန် အသက်၅၀တောင်မရှိသေးပေမယ့် ဆံပင်တစ်ဝက်စာလောက်ကဖြူနေပြီ

"ကောင်းတယ် နှစ်သစ်ကူးကျလာလည်တဲ့ဧည့်သည်တွေကိုကျွေးလို့ရတာပေါ့"

အဘွားကပြုံးပြုံးနဲ့ပဲ မီးဖိုးချောင်ထဲယူသွားလေတယ်

"ဒီနေ့ကသောကြာနေ့ပဲ သား ဒီမှာနေပေါ့ ရှောင်ကုအလုပ်ကပြန်လာရင် ထမင်းအတူစားလို့ရတယ်"

အဲ့တစ်ချိန်လုံး ထုံရန် ကျောက်သင်ပုန်းဘေးကဗီဒိုကိုမှီပြီး ဗလာဖြစ်နေတဲ့မျက်နှာနဲ့ပဲ ဒီတွေ့ဆုံမှုမျိုးကို ဘယ်လိုရင်ဆိုင်ရမလဲမသိဖြစ်နေခဲ့တယ်။ ကုဖျင်းရှန်ကသူမရဲ့မိဘတွေကို မမြင်ဖူးသလို တစ်ခါမှလည်းမမေးဖူးဘူး။ သူမ တွေးထားပြီးသား တစ်နေ့ကျအခွင့်အရေးရှိလာရင် သူ့ကိုအကုန်ပြောပြမယ်လို့

အခုလိုသာမန်မနက်ခင်းလေးတစ်ခုကသူမကိုသတိလက်လွတ်ဖြစ်သွားစေမယ်မှန်း မထင်ထားလိုက်မိဘူး

သူမရဲ့အဖေက ဖိနပ်တွေထည့်ထားတဲ့ဗီဒိုကို ငုံ့ကြည့်ပြီး ဧည့်သည်တွေစီးဖို့ ဖိနပ်ရှိမလားဆိုပြီးရှာပေမယ့် သေသေသပ်သပ်ထားထားတဲ့ဖိနပ်တွေကိုသာတွေ့တာကြောင့် မတ်မတ်ရပ်လိုက်ရင်း ရှက်ရွံသလိုပြုံးလိုက်တယ်

ထုံရန် အလိုအလျောက်လှုပ်ရှားလိုက်ပေမယ့် စိတ်ကတော့မပါလေဘူး

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now