နောက်ဆုံးမှာတော့ ခရီးရှည်ထွက်ခဲ့ရသူက စိတ်လှုပ်ရှားလွန်နေတဲ့သူကိုဂရုစိုက်ပေးရတယ်။
ဓာတုကုထုံးတွေကုသတဲ့ ရက်တွေမှာ နေ့ခင်းဆို အနားမှာ သူရှိနေပြီး ညကျ အရင်အတိုင်းသူမကို အဖော်လုပ်ပေးလို့နေတယ်။ ခရီးရှည်ကြောင့်ပင်ပန်းနေလို့ဆိုတဲ့အကြောင်းပြချက်ကိုသူအမြဲဆောင်ထားလေ့ရှိတယ်။ သူ့ကို မပင်ပန်းစေချင်တာကြောင့် သူမအိပ်တော့မယ်ဆိုတဲ့ စကားကိုရိုးရိုးသားသားနဲ့ ထပ်ခါတစ်လဲလဲပြောတော့မှ သူတို့ရဲ့ရှည်လျားတဲ့စာတွေကိုအဆုံးသတ်လိုက်နိုင်တယ်။
အဖွားဆေးရုံဆင်းလာချိန်မှာတော့ သူတို့နှစ်ယောက်လုံး ကိုယ်အလေးချိန်သိသိသာသာလျော့ကျသွားပါတယ်။
ဒါကိုမြင်ရတော့ အဖွားရဲ့ မျက်လုံးတွေက နှလုံးသားနာကျင်မှုကြောင့် နီရဲလာတယ်။ သူမ သူ့ကိုဆက်ဆံတဲ့ပုံက မြေးအရင်းထက်ကိုပိုကောင်းမှန်းသိသာပါပေတယ်။
"ငါ့ရဲ့ မြေးသမက်လေးကတကယ်ကို အံ့ဩစရာကောင်းတယ်"
အဘွားက အန်တီလျှိုကိုထပ်ခါတစ်လဲလဲပြောပြနေခဲ့တယ်
"တကယ်ကိုအံ့ဩစရာပဲ"
အန်တီလျှိုက ကုဖျင်းရှန်းရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိသော်လည်း အဖွားကို မည်သည့်အခါမှ ပြောကြားခြင်းမရှိခဲ့ပေ။ သို့သော် ထုံရန်ကို စကားတွေသီးသန့်ပြောခဲ့တယ်။ ယေဘုယျအကြောင်းအရာမှာ ဘဝဆိုတာဘယ်သူ့အတွက်မှမလွယ်ကူကြောင့် ကောင်းကင်ဘုံ ဒါမှမဟုတ် လူသားတွေကဖန်တီးထားတဲ့ ဆိုးပြစ်တွေကို လက်ခံပြီး အကောင်းဆုံးကိုရှာဖွေသင့်တယ်လို့။
လေးနက်တဲ့လေသံတစ်ဝက်နဲ့ ထုံရန်ပြောလိုက်မိတာ
"အန်တီလျှို သမီးရဲ့ အကြီးမားဆုံးအားသာချက်က ကောင်းတာကိုပဲမြင်တတ်တာပဲ"
နောက်ဆုံး ဆေးရုံကကိစ္စတွေအားလုံးပြီးသွားတော့ သူ ဘယ်ကျောင်းမှာ ပညာသင်ကြားရမလဲဆိုတာဆုံးဖြတ်ပြီးပြီဖြစ်တယ်။
တိုက်ဆိုင်ချက်က သူမ ကြီးပြင်းလာကတည်းက မကြာခဏသွားလည်တတ်တဲ့ကျောင်းနေရာဖြစ်နေတာပဲ
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...