2-1 // အဲ့ဒီဇာတ်လမ်းလေးတွေ

1.4K 189 11
                                    


"ဆရာကု တကယ်တော့..."

ဟိုကောင်မလေးသုံးယောက်က ထုံရန်ကိုအဝေးကနေကြည့်နေတုန်းပဲ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး

ကုဖျင်းရှန်ရဲ့အပြုအမူတွေတစ်ခုမှမပြောင်းသွားဘူး ပြောတာမကြားတဲ့အတိုင်း...နေဦး တကယ်လည်းသူမှမကြားတာ

တစ်ချိန်တည်းမှာပဲ ကျောက်ရင် သူ့လက်မောင်းကိုပုတ်လိုက်တော့ သူ့မျက်လုံးတွေက သူမကိုမော့ကြည့်လာပြီး

"ဘယ်လိုဆရာက ကျောင်းသားကိုဒီလောက်ဂရုစိုက်မှုကိုပြမှာလဲ"

ကုဖျင်းရှန်းကတော့သူ မသင့်တော်တာလုပ်လိုက်တယ်လို့မထင်ဘူး

"အရင်က ဘွဲ့လွန်တက်နေချိန်မှာ ဘွဲ့မရသေးတဲ့ကလေးတွေကိုစာသင်ပေးခဲ့ဖူးတယ် အဲ့တုန်းကလည်းဒီလိုပဲ"

ထုံရန် အကြည့်တွေကိုစာသင်တဲ့အဆောက်အဦးကထွက်လာတဲ့ ကျောင်းသားတွေဆီပို့လိုက်တယ် ဒီလိုအချိန်မှပြီးတဲ့အတန်းဆိုရင် Maoismဒါမှမဟုတ် Marxismအတန်းပဲနေမှာ သေချာတာပေါ့ ဖြတ်လျှောက်သွားတဲ့ကျောင်းသားနှစ်ယောက်လက်ထဲကစာအုပ်ကIntroduction to Maoismတဲ့..သူမအဲ့ကျောင်းသားနှစ်ယောက်ကိုစိုက်ကြည့်နေရင်း ဒီအခြေအနေထဲက သူမကိုယ်သူမအာရုံပြောင်းရုန်းလိုက်နိုင်တယ်

ဒါပေမယ့်အဲ့တာက အလံတိုင်အောက်ကလူတစ်ယောက် ဒီကိုလျှောက်လာတာမတွေ့တဲ့အချိန်ထိပဲ ချက်ချင်းချွေးတွေပြန်သွားတယ် အတန်းကိုယ်စားလှယ်ကို သူမမေ့နေတာပဲ

ကျောက်ရင်လည်း သူမရဲ့ကျောင်းသားကိုတွေ့လိုက်ရလို့အံ့သြနေသလို

သူတို့ဌာနရဲ့ နတ်သမီးဆရာမကိုတွေ့လိုက်တဲ့ အတန်းကိုယ်စားလှယ်ကလည်းကြောင်အသွားရတယ်

ထုံရန် သူမကိုပုံဆွဲစာရွက်ပြန်ကမ်းပေးလာတဲ့ ကုဖျင်းရှန်ကိုကြည့်လိုက်ပြီး သူ့ရဲ့စိတ်တည်ငြိမ်မှုနဲ့ အပြုအမူတည်ငြိမ်မှုကိုတွေ့လိုက်တော့ ဥပဒေဌာနအနိုင်ပဲ!

ထုံရန် assignmentကိုပြန်ယူလိုက်ပြီး ရှန်ဟန်ကိုချက်ချင်းပေးလိုက်တယ်

"ဒီမှာassignment "

အခုမှ သူမရဲ့ကျောင်းသားဘာလာလုပ်လဲဆိုတာသိသွားတဲ့ကျောက်ရင်ကရီမောလာပြီး

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now