2-2 // အဲ့ဒီဇာတ်လမ်းလေးတွေ

1.3K 190 8
                                    


လူတစ်ယောက်ကအတိတ်မှာပဲမနေနိုင်ပါဘူး အထူးသဖြင့်သူမပဲ

ကျောင်းရဲ့အစောပိုင်းကာလတွေမှာ ရုပ်ရှင်ကလပ်တို့ ပြဇာတ်ကလပ်တို့ကနေပြီး အဖွဲ့ဝင်ဖို့စည်းရုံးလေ့ရှိကြတယ် အဲ့တာကလည်း ကျောင်းရဲ့အလှပဆုံးမြင်ကွင်းတွေထဲကတစ်ခုပဲ အားလပ်တဲ့အချိန်တော်တော်ပေါနေတဲ့အဖွဲ့ကလည်း Sunshine Theatre Societyဆိုတဲ့ကလပ်ကိုဖွဲ့စည်းလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက်လွဲပြောင်းယူလာကြတာ လက်ရှိမှာတော့ ထုံရန်ရဲ့ချစ်ရတဲ့သူငယ်ချင်းတွေလက်ထဲရောက်နေပြီ

အဲ့တော့ အတန်းတက်တာနဲ့အချိန်ပိုင်းအလုပ်လုပ်တာပြီးရင် အသင်းသားအသစ်တွေအတွက် ကြိုဆိုပွဲပြင်ဆင်ရတော့တာပေါ့ ထုံရန် ဇာတ်ညွှန်းကိုပြန်ဆန်းစစ်ပြီး ကျောင်းသားအဖွဲ့အစည်းအုပ်ချုပ်ရေးအဆောက်အဦးက ကပွဲခန်းမထဲမှာပြဇာတ်လေ့ကျင့်နေကြတာကိုကြည့်နေတယ် အော် ပြီးတော့ ထပ်ပေါင်းထည့်ရမယ့်တာဝန်တစ်ခုက အပတ်တိုင်း ကုဖျင်းရှန်ရုံးခန်းကိုသွားပြီး Physicsအချိန်ပိုတက်နေရတယ်ဆိုတာပဲ

ရုတ်တရက် ဖုန်းတုန်လာလို့ကြည့်လိုက်မိတော့

ကုဖျင်းရှန် : ဒီတစ်ပတ်မိသားစုကိစ္စလေးသွားစရာရှိနေလို့ International Commercial Arbitrationအတန်းကို အမျိုးသားအားလပ်ရက်နောက်ပိုင်းကိုရွေ့ထားတယ် စိတ်မရှိဘူးဆိုရင် အိမ်လာပြီးPhysicsအချိန်ပိုတက်လို့ရတယ် TK

ထုံရန် အံ့သြစိတ်နဲ့အေးခဲသွားပြီး စာကိုသုံးခါလောက်ပြန်ဖတ်လိုက်တယ် ခဏအကြာတော့ ကီးဘုတ်ပေါ်မှာလက်ချောင်းတွေကပြေးလွှားနေပြီး မြန်မြန်လေးပြန်ဖျက်လိုက်ရော အဲ့လိုထပ်ခါထပ်ခါလုပ်ပြီးသွားတဲ့နောက်မှာတော့ စာပို့ဖို့ဆုံးဖြတ်လိုက်တယ်

ဆရာ လုပ်စရာတွေရှိရင် အမျိုးသားအားလပ်ရက်နောက်ပိုင်းကို Physicsအချိန်ပိုရွေ့လိုက်လို့ရပါတယ်

ဖုန်းကိုပြန်ရုတ်လိုက်ချိန်မှာတော့ လေ့ကျင့်တဲ့ဟောခန်းထဲမှာရှိနေတဲ့လူအုပ်စုလေးတွေက သူတို့ပြောရမယ့်စကားနဲ့သရုပ်ဆောင်မှုကိုတောင်စနေပြီဖြစ်လို့ အမူအရာတွေနဲ့အသံတွေကအခန်းထောင့်တိုင်းကို ပဲ့တင်ထွက်လာနေတယ် ဘေးနားမှာခုနကရှိနေတဲ့ အိုက်မီတောင်အခုတော့ လက်ပိုက်ရင်းကျောင်းသားတွေအများကြီးရှေ့မှာရပ်လို့ဝေဖန်ကွတ်ကဲနေပြီ

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now