7-2 // ငါသဘောကျတဲ့သူ

1K 162 8
                                    



နီးနီး ဝေးဝေး မြင်နေရတဲ့ မိန်းကလေးတွေက လှပတဲ့အဝတ်အစားတွေဝတ်ထားကြတယ် ဒီလိုနေ့မျိုးမှာတွေ့တဲ့လူတွေက အတွဲတွေပဲနေမှာ ထုံရန် ရုတ်တရက်တွန့်ဆုတ်နေမိတယ်

သူမမှာ ဆောင်းရာသီအဝတ်အစားအများကြီးမရှိသလို ရှန်းယောင်လိုလည်း ဝတ်စုံ အစုံ ၁၀၀မတတ်နိုင်ဘူး သူမဝတ်ထားတဲ့ ဒေါက်မြင့်ဖိနပ်က အခမ်းအနားတွေတင်ဆက်ရင်လိုအပ်မှာစိုးလို့ သိမ်းထားတဲ့အရာ ပြီးတော့စာမေးပွဲဖြေရမှာမလို့ မိတ်ကပ်လည်းမပြင်ခဲ့ရဘူး

"မိန်းကလေး ကြိုတင်ချိန်းဆိုထားတာရှိပါလား"

စားပွဲထိုးတစ်ယောက်က အပေါက်ဝမှာ ဝင်ရမဝင်ဝေခွဲမရဖြစ်နေတဲ့ သူမကို ယဉ်ယဉ်ကျေးကျေးမေးလာတယ်

သူမ ခေါင်းငြိမ့်လိုက်ပြီး အထဲဝင်လိုက်တယ်

ထုံရန် ထိုင်လိုက်ချိန်မှာပဲ သူကကိုင်ထားတဲ့စာအုပ်ကို ပိတ်ချလိုက်တော့တယ် သူက ဘယ်ဘက်လက်ကိုသုံးရတာကျင့်သားရနေပြီ သူမရုတ်တရက်ကြီးသတိရသွားတာက သူလည်း သူမလိုပဲ လက်နှစ်ဖက်လုံးသုံးနိုင်တယ်လို့ ဒါပေမယ့် သူကဘယ်ဘက်ကိုသုံးရတာပိုကျင့်သားရနေတယ်

"တောင်းပန်ပါတယ်"

ထုံရန် ဆုံးဖြတ်လိုက်တာ သူမမှားတာကို ရိုးရိုးသားသားနဲ့ ဝန်ခံလိုက်မယ်လို့ စိတ်ရင်းနဲ့ပဲ သေချာရှင်းပြလိုက်တယ်

"မှတ်မိလား ရှန်းယောင်က ကောင်လေးတစ်ယောက်ရဲ့အသံကိုကြားပြီးသဘောကျသွားတယ်လို့ အဲ့ကောင်လေးက သမီးရဲ့အထက်ကျောင်းအတန်းဖော်"

စားပွဲထိုးလေးက သူမကို သောက်စရာမီနူးလေးလာပေးလို့ တစ်ချက်ကြည့်လိုက်တော့...အားလုံးစျေးကြီးလိုက်တာ

"စိတ်မရှိပါနဲ့ လက်ဖက်ရည်နောက်တစ်ခွက်ပဲယူလာပေးလို့ရမလား"

သူရုတ်တရက်ပြောလာပြီး

"စားစရာတွေချပေးလို့ရပါပြီ"

စားပွဲထိုးလေးထွက်သွားတော့ သူကပြုံးရင်း သူမကိုကြည့်လာတယ်

"ဆက်ပြောလေ စိတ်ဝင်စားစရာကောင်းသားပဲ"

စိတ်ဝင်စားစရာ...သူ့လေသံအရဆို စိတ်ဆိုးမနေဘူးပဲ ထုံရန်နောက်ဆုံးတော့ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းချလိုက်နိုင်တယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now