5-1 // စစ်မှန်တဲ့ မင်းနဲ့ငါ

1.2K 156 4
                                    



အခမ်းအနားပြီးဆုံးသွားတဲ့ တစ်ပတ်အကြာမှာတော့ စာမေးပွဲကာလရောက်ရှိလာပြီဖြစ်တယ်

ဆောင်းနှောင်းပိုင်းကိုရောက်ရှိလာပြီဆိုတော့ စာသင်ခန်းကြီးကလည်း ခိုက်ခိုက်တုန်အေးခဲနေတာပဲ အကျိူးဆက်အနေနဲ့ အနွေးပေးစက်တပ်ဆင်ထားတဲ့ စာကြည့်တိုက်ကြီးကပဲ လူတွေရဲ့အဖိုးတန်တဲ့နေရာတစ်ခုဖြစ်လာတော့တယ်

ထုံရန် စာရေးစားပွဲပေါ်မှာမှောက်နေပြီး Latin(လက်တင်)စာလုံးတွေနဲ့ပြည့်နေတဲ့ ဥပဒေဘာသာရပ်ကိုလေ့လာနေတယ် ဒီဘာသာရပ်ကိုသင်တဲ့ဆရာက ဥပဒေပညာကိုသင်ချင်ရင် Latinဘာသာကိုအရင်သင်ရမယ်လို့ အရမ်းကိုတိုက်တွန်းနေတာ သူက အင်္ဂလိပ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေပါတဲ့ ကိုယ်တိုင်ရေး Latinစာအုပ်ကိုပေးခဲ့ပြီး စာမေးပွဲမှာ မေးခွန်းတစ်ဝက်စာက Latinဘာသာစကားနဲ့ဖြစ်မယ်လို့ ကြော်ငြာခဲ့တယ် အဲ့တော့ ထုံရန်လည်းမတတ်နိုင်ဘဲ ဦးနှောက်ထုံကျင်လာတဲ့အထိ အဲ့စာအုပ်ထဲမှာ ခေါင်းစိုက်ထားရတော့တာပေါ့

"ဒီငတုံးမက ဘာလို့ Philosophyနဲ့ philosophiaရဲ့ ကွာခြားမှုကိုမရှာနိုင်တာလဲ"

ထုံရန် သက်ပြင်းချလိုက်တယ်

"ဘာလို့လဲ ငါလေး CET-6 အင်္ဂလိပ်မေးခွန်းလွှာနဲ့တောင် နှိပ်စက်ခံရပြီးပြီ latinစကားကိုလည်း အလွတ်ကျက်ရဦးမှာလား"

ရှန်းယောင်းလည်း အဆင့်မြင့်သင်္ချာပုစ္ဆာတွေတွက်ရင်းနဲ့ သူမလိုပဲ စားပွဲပေါ်မှောက်ချလိုက်တယ်

"ငါထင်တာတော့ ဒီတစ်နိုင်ငံလုံးမှာ ကံအဆိုးဆုံး ဥပဒေကျောင်းသူဆိုတာ ငါတို့ပဲနေမယ် ဘယ်ဥပဒေကျောင်းသူက အဆင့်မြင့်သင်္ချာမေးခွန်းလွှာကိုခဏခဏဖြေရလို့လဲ"

ဝမ်ကျင်းကျင်းက International Commercial Arbitrationစာအုပ်ကနေ ခေါင်းထွက်လာပြီး

"ထပ်ပေါင်းထည့်ပါရစေဦး ဒီနိုင်ငံကြီးရဲ့ ဥပဒေကျောင်းတွေထဲမှာ ဘာလို့ငါတို့ပဲ သုံးနှစ်လုံး ဥပဒေအကြောင်းကို အင်္ဂလိပ်လိုပဲသင်နေရတာလဲလို့ ငါ CET-4တောင်မအောင်သေးဘူး..."

ပြောပြီးတာနဲ့ ကြေကွဲစွာနဲ့ပဲမျက်ရည်တွေသုတ်ပစ်နေတယ်

ဝမ်ကျင်းကျင်း ကိုင်ထားတဲ့ International Commercial Arbitrationစာအုပ်ကိုတွေ့တော့ ထုံရန် ကုဖျင်းရှန်ကိုသတိရလိုက်တယ် ပြီးခဲ့တဲ့တစ်ပတ်က သူ မိသားစုကိစ္စလေးတွေသွားစရာရှိလို့ သူမကိုPhysicsသင်ခန်းစာ မသင်ဖြစ်တဲ့အကြောင်းပြောထားတယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now