4-2 // အဲ့ဒီလှပတဲ့အရာလေးတွေ

1K 163 8
                                    



Galaက ၆နာရီစမှာဆိုတော့ ၃နာရီကတည်းက လူတိုင်းစဆင်ပြင်ဆင်နေကြပြီ

တင်ဆက်သူတွေ တိတ်ဆိတ်ငြိမ်သက်တဲ့ အခြေအနေရအောင်လို့ဆိုပြီး သူမနဲ့ကုဖျင်းရှန်အတွက်အဝတ်အစားလဲခန်းကို စင်အနောက်ကနားနေခန်းမှာပြင်ထားပေးတယ် သူမလဲပြီးထွက်လာချိန်မှာတော့ ကုဖျင်းရှန်ကအလှပြင်စားပွဲကိုမှီပြီး စာအုပ်ဖတ်နေတယ် သူ့ရဲ့ ငွေရောင် ဂျက်ကပ်ကိုချွတ်ထားပြီး ဘေးနားကထိုင်ခုံအလွတ်ပေါ်တင်ထားတယ် မျက်လုံးထောင့်ကနေ ထုံရန်ကိုမြင်လိုက်လို့ထင်တယ် ခေါင်းမော့ပြီး သူမကိုကြည့်လာတော့ ထုံရန်က သူမအကြည့်တွေမြန်မြန်လွဲလိုက်ရတယ်

တနင်္ဂနွေနေ့ ရထားပေါ်မှာတည်းက သူမရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေနဲ့ ခံစားချက်တွေကိုတွေ့ရှိလာတာပဲ အသိသာဆုံးကတော့ ဆရာကုရဲ့လှုပ်ရှားမှုသေးသေးလေးတွေကိုတောင် သူမအာရုံစိုက်နေမိတာ

သူမ သိလိုက်တာ ကုဖျင်းရှန်ကကားမောင်းနေရင် ဘယ်ဘက်လက်နဲ့ စတီယာရင်ကိုကိုင်ထားတတ်ပြီး ညာဖက်လက်ကိုတော့ စတီယာရင်‌ပေါ်မှာတင်ထားတတ်တယ် တကယ်ကိုကြည့်လို့ကောင်းတဲ့မြင်ကွင်းပဲ သူက မိုက်ခရိုဖုန်းကိုင်တိုင်းလျော့လျော့ရဲရဲနဲ့ အေးအေးဆေးဆေးကိုင်လေ့ရှိတယ် သူမလို တင်းတင်းကြပ်ကြပ်ကြီး မကိုင်ထားဘူး သူ့လက်မောင်းပေါ်က တက်တူးက အင်္ဂလိပ်နာမည်ဖြစ်ပြီး တိတိကျကျပြောရရင် သူလက်ရေးနဲ့ရေးထားတာ...

ကျောင်းနေဖက်ကောင်မလေးတွေက သူတို့အခန်းတံခါးဆီပြေးလာကြပြီး တစ်ချိန်တည်းမှာပဲ ပြုံးစိစိနဲ့

"စီနီယာအစ်မ စီနီယာအစ်မ အစ်မဘွဲ့ရရင်ဒီဝတ်စုံကိုထားခဲ့မှာလား"

"စီနီယာအစ်မ ညီမတို့ဝင်လာကြည့်လို့ရမလား"

ထုံရန်ဘာမှမပြောနိုင်ခင်မှာ ကုဖျင်းရှန်က အရှေ့တိုးလာပြီး သူမရဲ့ကိုယ်လုံးတစ်ဝက်စာကို ကောင်မလေးတွေမြင်ကွင်းကနေကွယ်လိုက်တယ် ပြီးတော့ ဆူဆူညံညံအသံတွေထွက်လာချိန်မှာ သူများတွေသတိမထားမိစေဘဲ သူမဝတ်စုံရဲ့ခါးနားက ဇစ်ကိုဆွဲပေးလိုက်တယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now