19-3 // ဒီအချိန်ကာလလေး

610 75 6
                                    


ဖျင်းဖန်ရဲ့အမေက ထုံရန်ရဲ့ပုခုံးကိုပုတ်လိုက်ပြီး

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"

ဘာဖြစ်သွားလဲဆိုတာ ထုံရန်မသိသလို သူမကဘကဘာလို့နှစ်သိမ့်ခံနေရတာလဲဆိုတာလည်း မသိဘူး ဒါပေမယ့် စိတ်ထဲမှာတော့ အပေါ်ထပ်မှာ အရမ်းဆိုးရွားတာဖြစ်နေတယ်ဆိုတာတော့သိလိုက်တယ် အောက်ထပ်ကိုပြေးဆင်းလာတဲ့ခြေသံတွေကြားလိုက်ရတော့ သူမကော ဖျင်းဖန်ရဲ့အမေပါ ခေါင်းမော့ကြည့်လိုက်မိတယ် ကုဖျင်းရှန်တစ်ယောက်တည်း အောက်ထပ်ကိုဆင်းလာတာဖြစ်ပြီး သူ့နဖူးမှာတစ်ယောက်ယောက်ကအလျင်စလိုလုပ်ပေးလိုက်တဲ့ ဆေးဝါဂွမ်းကပ်ထားတယ်

အဖြူရောင်ဂွမ်းကိုအဖြူရောင်တိပ်နဲ့ကပ်ထားတာ...အရမ်းဖြူလို့ကြောက်စရာကောင်းတဲ့မြင်ကွင်းကိုတောင်မြင်နေရတယ်

ထုံရန်အဲ့နေရာမှာပဲရပ်ပြီး သူ သူမဆီရောက်လာတာကိုကြည့်နေမိတယ် ထုံရန်ရှေ့မှာရပ်လိုက်ပြီး

"ရန်ရန် အိမ်ပြန်ရအောင်"

ထုံရန် သူ့ရဲ့မျက်လုံးကိုကြည့်လိုက်မိပြီး ဘာမှမပြောနိုင်ဘူးဖြစ်နေတယ် သူမ ဘာမှမမေးတော့ဘဲခေါင်းပဲညိမ့်လိုက်ပြီး သူ့နောက်လိုက်လာတော့တယ်

ခုဏတုန်းက ကုဖျင်းရှန်အောက်ထပ်ကိုဆင်းလာတော့ မီးအရောင်ကရုတ်တရက်ဖြူဆွတ်နေပြီး အေးစက်နေသလိုပဲ အဲ့တာကသူမရဲ့မှတ်ဉာဏ်ထဲက "သူ"ဆိုတဲ့ ပထမဆုံးတွေ့ဆုံမှုကို ပြန်သတိရစေလိုက်တယ် အရမ်းငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်က ကြမ်းပြင်ပေါ်မှာထိုင်နေတယ် သူ့ကျောကအဖြူရောင်နံရံကိုမှီထားပြီး လက်တစ်ဖက်ကဒူးကိုဖက်ထားပြီးတစ်ဖက်ကအဖြူရောင်စာရွက်ကိုကိုင်ထားတယ်

အဲ့အချိန်တုန်းကလည်းဒီလိုခံစားချက်မျိုးပဲ

သူ့မျက်လုံးထဲကခံစားချက်တွေက သူ သူမကိုကည့်လိုက်တဲ့အချိန်မှာဒီတစ်လောကလုံးကသူနဲ့မသက်ဆိုင်တော့သလိုပဲ သူမနဲ့သူပဲတူညီနေသလို

ဘာမှန်းမသိတဲ့အကြောင်းပြချက်ကြောင့် သူမရဲ့နှလုံးခုန်သံတွေလည်းမြန်ဆန်လာခဲ့တယ် ခုနကအဖြစ်အပျက်ကြောင့်ကြောက်လန့်သွားတာထင်တယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now