13-3 // သူ့ကိုစောင့်နေရင်း

746 103 8
                                    

ဇွန်လရဲ့ ရာသီဥတုကနွေဝင်ခါနီးရောက်နေလေပြီ။ သူတို့နှစ်ယောက်လုံး ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကြပြီး သူမကလည်းအိမ်ထဲမှာပဲမလို့ စကတ်တိုနဲ့ ခပ်ပွပွရှပ်အင်္ကျီလက်တိုလေးပဲဝတ်လို့ထားတယ်။ သူ့လက်တွေကသူမရဲ့လက်မောင်းကိုတိုက်ရိုက်ထိတွေ့နေပေမယ့် နွေရာသီရဲ့အပူဓာတ်ကိုပဲခံစားနေရတယ်

ထုံရန် သူ့လက်ဖမိုးကိုထိလိုက်ပြီး သူ့ကိုမကြည့်ခင်အထိသူ့လက်မောင်းကိုသေချာစမ်းလိုက်တယ်

"တကယ်ကြီးအေးနေတာလား"

ဒါမှမဟုတ်သူ့ကျန်းမာရေးအခြေအနေကြောင့်များလား

"မဟုတ်ဘူး"

သူမလက်ကောက်ဝတ်ကို သူ ကိုင်မြှောက်လိုက်ပြီး သေချာကြည့်ရင်းပြောလာတယ်

"ငယ့်လက်မှာဘာတွေလဲ ကပ်စေးစေးနဲ့"

"ဝက်စတူးတွေ"

မီးဖိုပေါ်ကပန်းကန်လုံးကိုယူလာပြီး

"ဒီနောက်ပိုင်း indicators and criteriaကိုစစ်ကြည့်တော့ အဘွားကတစ်ခုမှာအရမ်းလျော့နည်းနေတာတွေ့တယ် ဆရာဝန်တွေပြောတာ အဘွားဆေးတွေထိုးရဖို့လိုတယ်တဲ့ ဒါပေမယ့် အဲ့ဆေးထိုးရတိုင်း အရမ်းနာတယ်ပြောတယ်..ဆေးရုံတစ်ခန်းထဲမှာနေတဲ့ လူနာတစ်ယောက်ကပြောပြတာ နေ့တိုင်းဝက်စတူးကိုစားပေးရင် ပုံမှန်အခြေအနေပြန်ရောက်ဖို့အလားအလာများတယ်တဲ့"

သူမလက်နဲ့သေးသေးလေးဖဲ့လိုက်ပြီး သူ့ကိုခွံလိုက်တယ်

"နောက်တော့အဲ့တာတကယ်အလုပ်ဖြစ်တယ်ဆိုတာသိလိုက်ရတယ်"

ကုဖျင်းရှန်းကထူးခြားတဲ့အရာကိုစားနေရသလိုစိတ်အားထက်သန်စွာဝါးနေတယ်

သူ့မျက်ဝန်းထဲကသေးငယ်တဲ့လှုပ်ရှားမှုဖြစ်ဖြစ် အမူအရာတိုင်းကိုလက်လွတ်မခံနိုင်စွာဘဲ ထုံရန် သူ့ကိုငေးကြည့်နေမိတယ်

ကောင်းကင်ဘုံကသူတို့ကိုစောင့်ကြည့်နေတာများလား အဘွားရဲ့ခွဲစိတ်မှုလည်းအေဋင်မြင်ပြီး ကင်ဆာပြန့်ပွါးတဲ့လက္ခဏာလည်းမတွေ့ရပေ။သူလည်နောက်ဆုံးတော့ ပြန်လာခဲ့ပြီ

"ကိုယ် ငယ်ချက်တဲ့ နောက်ဆုံးတစ်ခေါက်ဟင်းစားခဲ့ရတာတော်တော်ကြာပြီ"

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now