15-3 // နွေးထွေးမှု

675 94 11
                                    



သူတစ်ခါမှဒီလိုမပြောဖူးဘူး

သူတကယ်ပဲ ခက်ခက်ခဲခဲနေနေရပြီလားဆိုပြီး သူမ နှလုံးသားလေးခံစားလိုက်ရတယ်

သူမ အချိန်ကိုတွက်ကြည့်လိုက်တော့..အစက ၁၀ရက်လောက်ကျောင်းမှာ‌နေဦးမလို့ သူမအချိန်ဇယားတွေကိုကျပ်လိုက်တော့ ၇ရက် ၈ရက်လောက်ပဲကြာမှာ။

အဲ့ညနေ သူမအဆောင်ကိုပြန်ရောက်တော့ မြန်မြန်ဆန်ဆန်ထုတ်ပိုးလိုက်တယ်။ ကတ်ထူပုံးကို စောစောကတည်းကအသင့်ထားထားပြီး စာအုပ်တွေအဝတ်အစားတွေကို ကြုံရာပန်းကျထည့်ပြီးသွားတဲ့နောက်မှာ ပြည့်လို့သွားခဲ့ပြီ။

"နင်ပြောတော့ သဘက်ခါအထိ ကတ်ထူပုံးတွေအလုံမပိတ်သေးဘူးဆို"

ရှန်းယောင် ငြီးတွားရင်း

"နင့်ယောက်ျားကို သူငယ်ချင်းထက်ဦးစားပေးတယ်ပေါ့ အခု ဘေကျင်းပြန်သွားပြီး နင်ဒီကိုပြန်ရောက်ရင် ငါနိုင်ငံခြားမှာရှိနေပြီ...မစ္စကု ရှင့်ရဲ့ မစ္စတာကုကဘယ်မှာထွက်မပြေးဘူး ရှင့်အခင်ဆုံးသူငယ်ချင်းကထွက်သွားရတော့မှာလို့"

"သူ ဟင်းဘယ်လိုချက်ရမလဲမသိဘူး ငါသူ့ကိုတစ်ယောက်တည်းအကြာကြီးမထားနိုင်ဘူး နင်အဆင်ပြေမှာပါ ဆောင်းရာသီနဲ့ နွေအားလပ်ရက်တွေကျ ဘေကျင်းမှာငါ့ဆီလာလည် စားသောက်ဖို့နဲ့အိပ်ဖို့ငါပြင်ပေးမှာပေါ့"

"ကုဖျင်းရှန် ၃၀နီးနေပြီမလား ငါတွက်ကြည့်ဦးမယ်"

ရှန်းယောင်သက်ပြင်းချလိုက်ပြီး

"နင်တို့နှစ်ယောက် တိတ်တခိုးလေးဖြစ်နေကြတာ စာသင်နှစ်တစ်ခု ပြီးတော့ တကယ်အတူရှိတာကစာသင်နှစ်တစ်ခု မဟုတ်သေးဘူး ဒီစာသင်နှစ် နင်တို့တွဲနေကြပြီလို့ပြောလို့ရပေမယ့် လက်တွေ့မှာတော့ အချိန်တော်တော်များများမှာ သူ နင့်အနားရှိမနေဘူး ထုံရန်ဝူကျီ သူဘယ်လိုရှင်သန်ခဲ့တယ်လို့ထင်လဲ"

ထုံရန် ဘာမှမပြောဘဲ ကတ်ထူပုံးတွေကို တိတ်နဲ့ကပ်လိုက်တယ်

အားလုံးပြီးသွားမှ သူမ ရုတ်တရက်ပြောလိုက်တာ

"ပြီးခဲ့တဲ့နှစ်တွေကသူ့အတွက်အရမ်းဝမ်းနည်းစရာကောင်းတယ်"

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now