သူပြန်မလာခဲ့ဘူးဘွဲ့ယူရမယ့်အချိန်ရောက်တော့ ထုံရန် တက္ကသိုလ်ကိုပြန်သွားတယ်
ရှန်ဟိုင်းကိုတစ်ရက်စောရောက်သွားပြီး ဘွဲ့ယူဖို့ပြင်ဆင်ရတာတွေ ပြီးသွားချိန်မှာတော့ ရှန်းယေယာင်အိမ်မှာပဲ တစ်ညအိပ်လိုက်တယ်
၂၃ယောက်ရှိတဲ့ သူမတို့အတန်းထဲက ၁၂ယောက်ကကျောင်းကထောက်ခံပေးထားတဲ့ တစ်ခြားတက္ကသိုလ်တွေမှာ ဘွဲ့လွန်အတွက်တိုက်ရိုက်ဝင်ခွင့်ရကြပြီး ကျန်တဲ့၆ဦးက သူတို့အလိုရှိတဲ့နာမည်ကြီးကျောင်းတွေက ကမ်းလှမ်းတာတွေရကြတယ် ရှန်းယောင်ရဲ့ဆန္ဒကလည်းပြည့်ဝသွားပြီးYaleကိုဝင်ခွင့်ရတယ်
ကျိုးချင်းချန်ကတော့ စာဆက်မလေ့လာတော့ဘဲ စင်ကာပူအစိုးရဌာနမှာ အလုပ်ရခဲ့တယ်။ကျင်းကျင်းကတော့ ပျံလွှားငှက်လေးကနေ ဖီးနစ်အဖြစ်ပြောင်းလဲသွားတယ်။ ပြည်ပမှာနေဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ရင်း ကျိုးချင်းချန်ရဲ့စာတမ်းတွေပြီးအောင်ကူညီနေတယ်
ဘွဲ့ယူတာကဘဝရဲ့လမ်းဆုံလမ်းခွတစ်ခုပဲ ဒါပေမယ့် လမ်းညွှန်ဆိုင်းဘုတ်ဆိုတာတော့မရှိဘူး
ဂျူလိုင်လပြီးတာနဲ့ လူတိုင်းကကိုယ့်လမ်းကိုယ်လျှောက်ကြပြီး မတူညီတဲ့ဘဝကိုရောက်သွားကြတော့မယ်
အလုပ်သင်ကာလမှာ အဆောင်တစ်ဝက်လောက်ကလူတွေလစ်ဟာနေတယ်
ကုတင်တွေလည်းလစ်ဟာနေတာ သူမတို့အဆောင်ကိုပထမဆုံးရောက်လာတုန်းကလိုပဲ။ စာရေးစားပွဲတွေလည်း ပြောင်ရှင်းနေပြီး ဖုန်တွေအထပ်ထပ်ဖြစ်နေတယ်။ ရှန်းယောင် အခန်းကိုတစ်ပတ်လောက်ပတ်ကြည့်ပြီးသွားတာနဲ့ တစ်ခြားအခန်းကလူတွေကိုနှုတ်ဆက်စကားပြောဖို့ထွက်သွားတယ်
အဆောင်အခန်းထဲမှာမနေချင်တော့တာကြောင့် ထုံရန် ခန်းမရှေ့သွားပြီးသာ အစီအစဥ်စမှာကိုစောင့်နေတော့တယ်
ပြီးခဲ့တဲ့ညက ရှန်းယောင်နဲ့သူမ တစ်ကုတင်ထဲပူးကပ်အိပ်ခဲ့တာကြောင့် အခုသူမကျောတွေနာနေသလိုပဲ
လှေကားထစ်ပေါ်မှာထိုင်လိုက်ပြီး ဒီညနေရဲ့ဘွဲ့ယူအခမ်းအနားကျင်းပမယ့် ခန်းမထဲလူတွေဝင်လိုက်ထွက်လိုက်လုပ်နေတာကိုကြည့်နေတယ်
YOU ARE READING
သက်ဆုံးတိုင် ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||
Romanceတစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်းရဲ့မိခင်ကော သူ့ရဲ့မိခင်ကော တူညီတဲ့ဆေးရုံမှာ ကယ်ဆယ်ခြင်းခံခဲ့ရတယ်။ ၆နှစ် ၇နှစ် အကြာမှာတော့ သူကအသံမကြားနိုင်တော့တဲ့ အပြင် နှလုံးခွဲစိတ်တဲ့ဌာ...