21-2 // မစ္စကု

527 62 0
                                    



ထုံရန်  ယာဉ်မောင်းလိုင်စင်ရတဲ့နေ့က သူမ တရားရုံးမှာ အလုပ်သင်ကာလပြီးတဲ့နေ့ပဲ

ထုံရန်ရဲ့ အလုပ်သင်အကဲဖြတ်မှုဖောင်ပေါ်မှာ အနီရောင်တံဆိပ်တုံးကြီးတစ်ခုရှိနေပြီး အဲ့အရာကိုကိုင်ဆောင်ထားရတာက သူမကို လွတ်လပ်တဲ့ခံစားချက်ကိုပေးစွမ်းနေတယ်

နေ့လည်ခင်းနေရောင်ခြည်က ပန်းခြံထဲမှာကောင်းကောင်းမွန်မွန်ဖြာကျနေပြီး အပူချိန် နည်းနည်းပြင်းထန်တယ်လို့တောင်ပြောလို့ရတယ်။အဘွား လေလွင့်ကြောင်တွေကိုအစားကျွေးတာ အဖော်ပြုပေးဖို့ သူမလိုက်လာခဲ့တယ်။ နေ့လည်ခင်းကြီးဆိုတော့ ဘာမှလုပ်စရာမရှိတာကြောင့် အဘွားကိုနေ့ခင်းတစ်ရေးအိပ်ဖို့ ဖိအားပေးပြီးနောက်မှာတော့ ပန်းခြံထဲမှာတစ်ယောက်တည်းနာရီဝက်လောက်ကျန်နေခဲ့တယ်

ထုံရန် ကိုင်ထားတဲ့ရေဘူးထဲကရေတွေ ပန်ကန်းထဲထည့်နေတယ်

၁၂ကောင်မကတဲ့ကြောင်တွေက စားပြီးတာကြောင့် ရေဆာနေကြပေမယ့် အလှည့်ကျရေသောက်ဖို့စောင့်နေကြတယ်။ ထုံရန် အပြင် ၇ယောက် ၈ယောက်လောက်ရှိတဲ့ကလေးတွေကငယ်ရွယ်တဲ့ကလေးတွေပီပီ ကလေးထိန်းမဟုတ်ရင် အဘိုးအဘွားတွေနဲ့ရှိနေကြတယ်။လူကြီးတွေက ပန်းခြံထဲကခုံတွေပေါ်မှာထိုင်နေကြပြီး သူတို့ကိုအဝေးကနေကြည့်နေကြတယ်။ သန့်ရှင်းမှုကို စိုးရိမ်ကြတဲ့အုပ်ထိန်းသူနှစ်ယောက်ကလွဲရင် ထုံရန်နောက်မှာ ကလေးတွေပတ်ချာလည်ရပ်နေကြပြီး ကြောင်တွေရေသောက်တာကြည့်နေကြတယ်

အရှေ့မှာကြောင်တွေ အနောက်မှာကလေးတွေနဲ့ မသိတဲ့သူတွေကတော့ ထုံရန်ကို ကလေးတွေကို ဘဝရဲ့အတွေ့အကြုံတွေသင်ကြားဖို့ခေါ်လာတဲ့မူကြိုဆရာမလို့ထင်ကြလိမ့်မယ်

ကုချင်းရှန်ကတော့ ထုံရန်ကိုစာတွေပို့နေခဲ့တယ်။ သူ့ရဲ့ ဥရောပစျေးကွက်နဲ့ပတ်သတ်တဲ့ပရောဂျက်အတွက် အလုပ်ခရီးထွက်ဖို့အလောတကြီးဖြစ်လာတယ်။ ပြောရမယ်ဆိုရင် သူဒီည လေယာဥ်စီးဖို့လိုတယ်

အဲ့ဒီသတင်းက အလျင်စလိုရောက်လာတာကြောင့် ထုံရန်လက်ထဲကရေဘူးလည်း ရေတွေထည့်ပေးနေတာရပ်သွားတယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now