3-3 // တကယ်ကြီးလား

1.1K 160 4
                                    



ကျောင်းပြန်ရောက်တော့ အဆောင်ခန်းကြီးက လစ်ဟာနေတယ် ရှန်ဟိုင်းရဲ့ရာသီဥတုကစိုစွတ်တော့ ၁ပတ်လောက်ပဲသွားလိုက်တာတောင် ဗီဒိုထဲကအဝတ်တွေက ရေနဲ့ဖြန်းထားသလိုဖြစ်နေပြီ အဲ့တော့ရွေးချယ်စရာမရှိဘဲ အားလုံးကို ပလက်စတစ်ခြင်းထဲပစ်ထည့်လိုက်ပြီး အဝတ်လျှော်ခန်းထဲသွားဖို့ပြင်လိုက်ရတော့တာပဲ

"ထုံရန်!"

အိုက်မီက ပြတင်းပေါက်အပြင်က လုံခြုံရေးစတီးချောင်းတွေကြားကနေ သူမကို စိတ်လှုပ်ရှားရှားနဲ့ခေါ်နေတယ်

"ငါ့မှာ သတင်းကောင်းတစ်ခုနဲ့သတင်းဆိုးနှစ်ခုရှိတယ် ဘယ်ဟာအရင်နားထောင်ချင်လဲ"

မနေ့ညကရထားပေါ်မှာ ထုံရန်တစ်ညလုံး မတ်တပ်စီးလာခဲ့ရတော့ အခု သည်းမခံနိုင်လောက်အောင်ပင်ပန်းနေပြီ အိုက်မီ ပြောလိုက်တဲ့စကားတွေကြားတော့ အိုက်မီခေါင်းပေါ် အဝတ်တွေထည့်ထားတဲ့ခြင်းကို စွပ်ပေးလိုက်ချင်တာပဲရှိတယ် သူမ အိုက်မီကိုသိလာတာ၂နှစ်ရှိပြီ အိုက်မီပေါ်လာပြီဆို သတင်းကောင်းဖြစ်ဖြစ် သတင်းဆိုးဖြစ်ဖြစ် ထုံရန်အတွက်တော့သတင်းဆိုးတွေပဲဖြစ်နေတတ်တယ်

သေချာတာပေါ့ အိုက်မီကလည်း သူမပြောတာကိုစောင့်မနေတော့ဘဲ ဆက်ပြောလာတယ်

"သတင်းကောင်းက ဒီနှစ်ရဲ့ကျောင်းသားသစ်ကြိုဆိုပွဲမှာ ယောက်ျားလေးအစီအစဥ်တင်ဆက်သူလုပ်ဖို့ ကျောင်းရဲ့ပွင့်လင်းတဲ့မဲပေးစနစ်အရ နင်တို့ဌာနရဲ့..."

သူမက တမင်ကိုအချိန်ဆွဲနေတယ် အဝတ်လျှော်ခန်းထဲမှာရှိနေတဲ့မိန်းကလေးတွေကလည်းနားထောင်နေပြီး နာမည်တစ်ခုကြားလိုက်ချိန်မှာတော့ စိတ်လှုပ်ရှားမှုတွေနဲ့သွေးဆူပွတ်သွားကြတယ်

"...မဟာအလှပိုင်ရှင်ကု"

ထုံရန်ကအံ့ဩသွားပြီး

"သူကဆရာလေ ဘယ်လိုလုပ်ကြိုဆိုပွဲကိုတင်ဆက်နိုင်မှာလဲ"

"ဘာလို့မလုပ်နိုင်ရမှာလဲ"

အိုက်မီက ပွင့်လန်းခါစပန်းလေးလိုတစ်ခစ်ခစ်ရီနေတယ်

"မမေ့နဲ့ ငါတို့ရဲ့ကျောင်းသားရေးရာဥက္ကဌအသစ်က အယူသည်းတဲ့သူမဟုတ်ဘူးလေ ကျောင်းWebsiteမှာကျောင်းသားတွေနဲ့အမည်မဖော်ပြဘဲစကားပြောနေကျ အဲ့တော့ ဥပဒေဌာနရဲ့ဆရာက အနစ်နာခံရုံလောက်ပါပဲ"

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Donde viven las historias. Descúbrelo ahora