21-5 // မစ္စကု (Final)

2.1K 118 11
                                    



ဒီနှစ်ရဲ့ ဇွန်လကUEFA European Championshipကြောင့် အလုပ်အများဆုံးလပဲ

အသံလွှင့်ဌာထဲမှာ ထုံရန်တစ်ယောက်တည်းရှိပြီး အစီအစဉ်စတော့မယ်ဆိုပေမယ့် နောက်တစ်ယောက်ကတော့မရောက်သေးဘူး

ထုံရန်မေးထောက်လိုက်ပြီး တစ်ညလုံးသေချာမအိပ်ပျော်တာကြောင့်ပင်ပန်းနေတယ်။ ပြောရမယ့် စာသားတွေကိုသေချာဖတ်နေချိန် နားကြပ်ထဲကနေ ရေဒီယိုဒါရိုက်တာပဲနို့ရည်သောက်နေရင်း သူမကိုပြောလာတာ

"နောက်၅မိနစ်နေလို့မှ မိန်မင်မရောက်လာသေးရင် ယာဥ်လမ်းကြောင်းကြော်ငြာချက်ကိုအရင်ပြောလိုက်"

ထုံရန် ဘယ်ဘက်လက်ကိုထောင်ပြီး OKလို့လုပ်ပြလိုက်တယ်

၂မိနစ်ပဲကျန်တော့ချိန်မှာ တစ်ယောက်ယောက် ကပုခုံးကိုပုတ်လာတော့ နောက်ကျနေတဲ့ ထုံရန်ရဲ့တွဲဖက်ဖြစ်နေတယ်

"နီးနေပြီး နီးနေပြီ"

သူ မောမောနဲ့ထိုင်ခုံမှာအမောဖြေပြီးတာနဲ့ လည်ချောင်းရှင်းလိုက်တယ်

"ညနေခင်းအစီအစဥ်ကိုပြောင်းဖို့ပြောလိုက်ရင်ရတာပဲ"

ထုံရန် သူ့ကိုနားကြပ်ကမ်းပေးလိုက်တယ်

"မင်း မျက်လုံးတွေဘာလို့နီနေတာလဲ"

တစ်ဖက်လူက သူမဆီကနေယူလိုက်တယ်

"မနေ့ညကငါ့အဘွားရဲ့နှစ်ပတ်လည်မလို့ အိပ်မပျော်ဘူး"

မြန်မြန်ပြောပြီးတာနဲ့ တိတ်တိတ်နေဖို့လက်ဟန်နဲ့ပြလိုက်တယ်

အဲ့ဒီအချိန်၂နာရီအတွင်းမှာ သူမတို့ယာဥ်ကြောအခြေအနေကိုတင်ဆက်ပြီး စကားစမြည်ပြောဆိုနေကြတယ်။ မိန်မင်ကဘောလုံးကစားရတာကိုသဘောကျပြီး အထူးသဖြင့် ဂျာမန်အသင်းရဲ့ပရိတ်သက်ဖြစ်တာမလို့ စကားလမ်းကြောင်းပြောင်းသွားချိန်မှာတော့ ဘောလုံးအကြောင်းမသိတဲ့ထုံရန်က သာမန်တုံ့ပြန်တဲ့စကားတွေပဲပြောပြီး နားဆင်နေတဲ့သူတွေကို ဦးဆောင်ဖျော်ဖြေစေတော့တယ်

၁နာရီခွဲလောက်အထိ သူအာပေါက်မတက်ပြောပြီး နောက်ကျန်တဲ့ မိနစ်၃၀စာ ဖုန်းပြောတဲ့အစီအစဥ်ကိုတော့ ထုံရန်လက်ထဲထိုးပေးလိုက်တော့တယ်

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now