17-2 // ပြောတာနားထောင်

580 79 4
                                    

အပန်းဖြေခရီးတိုလေးအပြီးမှာတော့ ကုဖျင်းရှန် အလုပ်တွေပိုများလာခဲ့တယ်။ သူ့အလုပ်အများစုကဥပဒေအကျိုးဆောင်တွေနဲ့တင်ပြီးလို့ နေ့တိုင်းရုံးသွားစရာမလိုဘူးဆိုပေမယ့် အရေးကြီးအစည်းအဝေးရှိတဲ့အခါမှာတော့ ရှောင်လွဲလို့မရပေ။အထူးသဖြင့် နေ့၊ညအချိန်ကွာခြားတဲ့ ဖောက်သည်တွေအတွက်လုပ်ရတဲ့အခါ ထိုအရာတွေကိုထိန်းချုပ်ဖို့ သူ့အတွက်ပိုလို့ပင်ခက်ခဲလာတယ်

ခရစ်စမတ်အကြိုနေ့မှာ အချိန်တွေအလကားမဖြစ်ရလေအောင် စျေးဝယ်စင်တာကနေ သူ့ရုံးအထိ ထုံရန်လမ်းလျှောက်သွားခဲ့တယ်

ဒါပေမယ့်လည်း သူမကို သူ့ရုံးခန်းထဲမှာသွားစောင့်နေဖို့ စာပို့လာတော့ ထုံရန် သူအလုပ်ပြီးတာကိုစောင့်ပြီးလာကြိုတဲ့အချိန်တိုင်း သူ့ရုံးခန်းထဲသွားစောင့်လေ့မရှိတာလို့ ပို့လာတဲ့စာကြောင့် အနည်းငယ်အံ့ဩသွားတယ်

ကုမ္ပဏီရဲ့ဧည့်ကြိုကောင်တာမှာ သူမ ကုဖျင်းရှန်နာမည်ကိုပြောလိုက်တော့ ကောင်တာကကောင်မလေးက ထုံရန်ကိုအကဲဖြတ်နေရင်း သူမရဲ့သိချင်စိတ်ကိုလည်းဖုံးကွယ်ဖို့မကြိုးစားခဲ့ပေ

"မစ္စကုလား"

"အင်း သူအစည်းအဝေးလုပ်နေတုန်းလား"

"လုပ်နေတုန်းပဲ ခုနကသူ့လက်ထောက်ထွက်လာပြီး အမျိုးသမီးတစ်ယောက်လာရှာရင် အဲ့တာ မစ္စကုလို့ပြောထားတယ်"

ဧည့်ကြိုကောင်မလေးက ရင်းနှီးစွာပြုံးပြပြီး

"သူ့ရုံးခန်းကိုလိုက်ပြပေးမယ်"

အဲ့လိုပြောပြီးနောက်မှ ထုံရန်ဘေးကလူကိုလှည့်ကြည့်လိုက်ပြီး

"ဘယ်သူလဲမသိဘူးရှင့်"

ထိုလူကထုံရန်ကိုအကဲဖြတ်နေဟန်ကြည့်နေတာကြာပြီ ကောင်မလေးသူ့ကိုမေးလာတဲ့အချိန်မှာတော့

"လော့။ လော့ကျီဟောင် TKရဲ့သူငယ်ချင်းပါ"

"မစ္စတာလော့?"

ဧည့်ကြိုကောင်မလေးကသူ့အရှေ့ကမှတ်စုစာအုပ်ကိုလှန်ကြည့်လိုက်တယ်

"ချိန်းထားတာမရှိဘူးပဲ ဒီလိုလုပ်ပါလား ကျွန်မ ဧည့်သည်စောင့်တဲ့အခန်းကိုအရင်လိုက်ပို့မယ်လေ TKအစည်းအဝေးပြီးသွားမှ..."

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Nơi câu chuyện tồn tại. Hãy khám phá bây giờ