6-4 // တိတ်တဆိတ်တိုးတက်ခြင်းနှင့် ဆုတ်ခွါခြင်း

1K 162 6
                                    



ထုံရန်ရဲ့ လက်ချောင်းတွေက ဖုန်းမျက်နှာပြင်မှေးမှိန်သွားတဲ့အထိကိုင်ထားပြီး အမှတ်တမဲ့ ဖုန်းကိုပိတ်လိုက်မိတယ် အနွေးပေးတဲ့စောင်အောက်မှာထည့်ထားမိလို့လားမသိဘူး သူမရဲ့ဖုန်းကအနည်းငယ်ပူနွေးနေပြီး အဲ့စကားတစ်လုံးချင်းစီက သူမနှလုံးသားကိုတိတ်တိတ်လေး လောင်ကျွမ်းနေတယ်

ခဏလောက်ကြာတော့ စာပြန်ပို့ဖို့လုပ်လိုက်တယ်

"သမီး"ဆိုပြီးပဲ ရိုက်ရသေးတယ် သူမကုတင်ကရုတ်တရက် တုန်လာပြန်ရော ရှန်းယောင်က ကုတင်ပေါ်တက်လာပြန်ပြီ

"မနေနိုင်ဘူး ဒီတစ်ပတ် အနွေးပေးစောင်ယူဖို့မေ့သွားတယ် ဒီည ငါတို့နှစ်ယောက်ပူးကပ်ပြီး ကုတင်မျှကြတာပေါ့ အိုကေနော်"

ထုံရန် သတိအနေအထားဖြစ်သွားပြီး အဲ့အတိုင်းပဲစာပြန်လိုက်မိတယ်...

"ရှောင်ရူ ကုတင်ကိုသွားလေ အဲ့မှာလည်းအနွေးပေးစောင်ရှိတယ်"

"မရပါဘူး ငါအရမ်းအူမြူးနေလို့ အိပ်လို့မရဘူး"

ရှန်းယောင်ကစောင်အောက်ကိုဝင်လာပြီး
ရေဘဝဲလိုပဲ ထုံရန်ကို ကုတ်တွယ်လိုက်တယ်

"ဘယ်သူစာပို့တာလဲ အဲ့စာသားကို ရုပ်ရှင်တစ်ချို့မှာတွေ့ဖူးတယ် အဲ့လူကအရမ်း စိတ်ကူးယဉ်ဆန်တာပဲ"

ထုံရန်ရဲ့ 'အင်း' 'အာ'နဲ့ပဲ အဲ့အကြောင်းအရာကို လမ်းလွဲလိုက်နိုင်တယ် 

ရလဒ်အနေနဲ့ သိပ်မစောတော့တဲ့ မနက်ခင်းတစ်ခုမှာ ထုံရန်နိုးလာပြီး မနေ့ညကပို့ခဲ့မိတဲ့ ထူးထူးဆန်းဆန်း စာကိုဖြေရှင်းဖို့အခွင့်အရေးရလာတယ် ရှန်းယောင်ကတော့ ကျောပေးပြီး အိပ်နေတုန်းပဲ ထုံရန် ခေါင်းအုံးအောက်ကဖုန်းကိုဆွဲထုတ်လိုက်ပြီး တစ်ဖက်လှည့်လိုက်တယ်

အင်း? ဘာဖြစ်လို့လဲ TK

မနက်၁နာရီတုန်းကပို့ခဲ့တဲ့စာပဲ

ထုံရန် အိပ်မှုန်စုံဖွားနဲ့ပဲ စာပြန်လိုက်တယ်

မနေ့ညက ရှန်းယောင်နှောင့်ယှက်လို့ တကယ်တော့ သမီးပြောချင်တာက

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now