20-3 // ရိုးရှင်းတဲ့ပျော်ရွှင်မှု

582 63 2
                                    



ထုံရန် အဲ့နေ့ညကသူမ ဘာမှမမြင်ခဲ့သလို ဘာကိုမှမပြောလာဘူး

ဒါပေမယ့် အလုပ်သင်ကာလရဲ့အားလပ်ချိန်တိုင်းမှာ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုရမယ့်ဆေးဝါးတွေ ကျန်းမာရေးအတွက်အကျိုးဖြစ်ထွန်းစေတဲ့အစားအစာတွေ အဲ့လိုအကြောင်းတွေကိုသာ ကြိုးစားပြီးလေ့လာနေခဲ့တယ်

ကုဖျင်းရှန်က သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ ထုံရန်ကိုဘာမှမကွယ်ဝှက်ထားဘူး လတိုင်းကျန်းမာရေးစစ်ဆေးမှုလုပ်ရင် သူမကိုခေါ်သွားလေ့ရှိတယ် အဲ့တာမလို့ သူ သူ့ကျန်းမာရေးကိုဂရုမစိုက်မှာကို ထုံရန် စိတ်မပူမိဘူး ဒါပေမယ့်အနာဂတ်အတွက်ပြင်ဆင်ရမယ်

တစ်နေ့ကျ အစ်မတစ်ယောက်လိုဖြစ်နေတဲ့ တရားရုံးကစာရေးမက ထုံရန်လုပ်နေတာတွေကိုတွေ့ပြီးမေးလာတယ်

"ညီမရဲ့မိသားစုထဲမှာနေမကောင်းတဲ့သူရှိလို့လား"

"မရှိပါဘူး"

ထုံရန် ဖတ်နေတဲ့websiteကိုပိတ်လိုက်ပြီး ပုံမှန်ပဲပြန်တုံ့ပြန်လိုက်တယ်

"ဒီလိုမျိုးတွေဖတ်တာကအကျိုးရှိတယ်လေ"

"ကလေး မင်းကတော်တော်သဘောကျစရာကောင်းတာပဲ"

စာရေးမက သူမခေါင်းကိုပုတ်ပြီးပြုံးစိစိနဲ့ထွက်သွားတယ်

အရင်ကတော့ အိမ်ကလွဲရင် ကုဖျင်းရှန် အလုပ်နဲ့ကျောင်းကိုပဲသွားလိုက်ပြန်လိုက်လုပ်လေ့ရှိတာ

အခုတော့ သူ့အဘိုးရဲ့ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာနေဖို့အချိန်ဇယားတွေကိုပြောင်းလိုက်တယ် သူအိမ်မှာနေတဲ့အချိန်တွေသိပ်မရှိနိုင်တော့တာကိုလည်း ထုံရန်သိပြီး သူမလုပ်ပေးနိုင်တာဆို သူလိုအပ်တဲ့ပစ္စည်းတွေလာယူဖို့ပဲပြင်ဆင်ပေးနိုင်တယ်

ဆေးရုံမှာနေရတဲ့အချိန်တွေများလို့ထင်တယ် သူဘေကျင်းမှာအလုပ်သင်လုပ်ခဲ့တုန်းကအချိန်တွေအကြောင်း သူမကိုမကြာခဏပြောလေ့ရှိလာတယ်

ကုဖျင်းရှန် ပြောတာ တစ်ခါတုန်းက ကျန်းမာရေးမစစ်ရသေးဘဲ ခွဲစိတ်ခန်းထဲကိုလက်တွန်းလှည်းနဲ့ဝင်လာတဲ့လူနာတစ်ယောက်ကိုကုသပေးဖူးတယ်လို့ နောက်မှသိရတာ အဲ့ဒီလူနာကAIDSရောဂါရှင်ပဲ

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now