19-1 // ဒီအချိန်ကာလလေး

564 69 2
                                    



ကုဖျင်းရှန် ရေချိူးခန်းထဲဝင်သွားပြီး ရေနွေးစိမ်ထားတဲ့ မျက်နှာသုတ်ပဝါနောက်တစ်ထည်ကို ထုံရန် မျက်နှာသုတ်ဖို့ယူလာပေးတယ်။ ထုံရန် ပြောနေတဲ့တစ်လျှောက်လုံး တိတ်တိတ်လေးနဲ့ သူမ နှုတ်ခမ်းလှုပ်တာကိုပဲကြည့်နေပြီး ပြောပြီးသွားမှ အိပ်ရာပေါ်လှဲချလိုက်ရင်း သူ့လက်မောင်းကိုပုတ်လိုက်တယ်

ထုံရန် နားလည်စွာနဲ့ပဲ သူ့ရဲ့တံတောင်ဆစ်ကွေးပေါ်မှာလှဲလျောင်းလိုက်တယ်

"ဖြေရှင်းရမယ့်ကိစ္စတွေဆိုတာရှိတယ် စောတာနဲ့နောက်ကျတာပဲကွာတာ"

သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး နူးညံ့တဲ့လေသံနဲ့ပြောလာတာ

"အဖေ့ရဲ့အကြွေးကိုသားကဆပ်ရမယ်ဆိုတော့ သေချာပေါက် အဘွားရဲ့ပိုက်ဆံကိုသုံးလို့မဖြစ်ဘူး ဒီပိတ်ရက်ကျ ကိုယ် ငယ့်အဖေ့ကို ယွမ်၃သိန်းပေးလိုက်မယ်"

ထုံရန် ကုတင်ပေါ်လက်ထောက်လိုက်ပြီး ထထိုင်ဖို့လုပ်လိုက်တယ် ဒါပေမယ့် ကုဖျင်းရှန် သူ့လက်တွေနဲ့ ထုံရန်ကိုပြန်ဆွဲထားပြီး သူ့ရင်ခွင်ထဲပဲထည့်ထားလိုက်တယ်

"မငြင်းရဘူး ကိုယ်ပိုင်တာတွေအားလုံးငယ့်အပိုင်ပဲ"

ကုဖျင်းရှန်ရဲ့မေးက ထုံရန်ခေါင်းပေါ်မှာတင်ထားပြီး စကားပြောလိုက်တိုင်းသူမရဲ့ဆံပင်တွေနဲ့ငြင်ငြင်သာသာထိတွေ့နေတယ်

"ဒီနေ့ ကိုယ့်လက်ထောက်ဆီကနေ ဆိုရိုးတစ်ခုသင်ယူခဲ့ရတယ် 'ဝါဝါမြင်တိုင်းရွှေမဟုတ်'တဲ့ အဲ့တာက ကိုယ့်ရဲ့တကယ့်အခြေအနေပဲ အပြင်ပန်းသာ ကိုယ်ကကောင်းတဲ့ပုံပေါ်ပေမယ့် ကိုယ်နဲ့နေကြည့်မှသာ တကယ့်ချို့ယွင်းမှုတွေကိုသိလာလိမ့်မယ် ခုနက ကိုယ်တံခါးကိုဖွင့်ပြီးဝင်လာတော့ ငယ်ငိုနေတာကိုတွေ့လိုက်ရတာ ကိုယ်ရင်နာတယ်"

သူ စက္ကန့်အနည်းငယ်လောက် ရပ်သွားပြီး ထပ်ပြောလာတာ

"တကယ်ပဲ ကိုယ့်ရင်နာတယ်"

သူ့စကားတွေကအဓိပ္ပာယ်ကိုလှည့်စားထားရုံသာမက နားထောင်တဲ့သူကိုလည်းအလွန်စိတ်မကောင်းဖြစ်စေတယ်။

သူပြောနေတာစိတ်ပိုင်းဆိုင်ရာပဲ မဟုတ်ဘဲရုပ်ပိုင်းဆိုင်ရာကိုပါပြောမှန်း ထုံရန် နားလည်တယ်။ ကုဖျင်းရှန်ခါးကိုဖက်လိုက်ပြီး သူ့နောက်ကျောကပါးလွှာတဲ့င်္အကျီပေါ်မှာရေးလိုက်တာ

သက်ဆုံးတိုင်  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now